မက်ဆီ၏ဒဏ်ရာ မည်သည့်အချိန် ပြန်ကောင်းလာမည်မသိဟု ဆရာဝန်ပြော

2378637837

ကိုပါအမေရိက ဖလား မစတင်မီ ရက်ပိုင်းအလို တွင် ဒဏ်ရာရရှိခဲ့သော အာဂျင် တီးနား တိုက်စစ်မှူးမက်ဆီသည် စနေနေ့က နာကျင်မှုများ သက်သာလာပြီ ဖြစ်သော်လည်း ဒဏ်ရာအပြည့်အဝ ပြန်ကောင်းမည့် အချိန်ကို မသိရသေးဟု အာဂျင်တီးနားအသင်းဆရာဝန် ဒန်နီ ယယ်မာတီနက်ဇ်က ပြောကြားသည်။

‘‘မက်ဆီဟာ မနေ့ကထက် နာတာပိုနည်းလာပြီး အခြေအနေ ပိုကောင်းလာပါပြီ’’ဟု ဒေါက်တာ မာတီနက်ဇ်က သတင်းထောက်များအား ပြောကြားသည်။ မက်ဆီ သည် သောကြာနေ့က ဟွန်ဒူးရပ်စ်ကို ၁-၀ ဂိုးဖြင့် နိုင်သော ချစ်ကြည်ရေးပွဲတွင် ခါးအောက်ပိုင်း နှင့် နံရုံးတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

မက်ဆီ၏ ဒဏ်ရာ အခြေအနေပိုကောင်းလာသော်လည်း အပြည့်အဝ ကောင်းမွန်ရန် မည်မျှစောင့်ရဦးမည်ကို မသိသေးကြောင်း မာတီနက်ဇ်က ပြောကြားသည်။

ဒဏ်ရာ ရရှိထားသောကြောင့် အထိုင်အထပြုလုပ်ချိန်၊ ချောင်းဆိုးချိန်နှင့် ခန္ဓာကိုယ်လှည့်ချိန်တို့တွင် နာကျင်လေ့ ရှိကြောင်း မာတီနက်ဇ်က ပြောသည်။

မက်ဆီသည် စနေနေ့က အာဂျင်တီးနားအသင်းနှင့် အပေါ့စားလေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပြီး ၎င်းတို့ အသင်းသည် အုပ်စု (D) အဖွင့်ပွဲတွင် ချီလီနှင့် ဇွန်လ ၆ ရက်၌ ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံသို့ ထွက်ခွာရမည် ဖြစ်သည်။

—Ref: Reuters


Leave a Reply