တနိုင်းပြည်ခိုင်ဖြိုး ရပ်/ကျေးအုပ်စု ပါတီပြန်လည်ပြင်ဖွဲ့စည်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ မကေါကျေးရွာအုပ်စုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်ကို၊ ဦးငွားစီးနှင့် ရပ်မိရပ်ဖ (၃) ဦး ဦးဆောင်၍ မကော၊ လမုံ၊ ကျောင်းကုန်းကျေးရွာများ၌ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ ပြန်လည်ပြင်ဆင်ဖွဲစည်းခြင်းကို မေလ (၂၂) ရက် နံနက် (၁၀) နာရီအချိန်က စတင်ပြုလုပ်ခဲ့ပြီး ညနေ (၄) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ တနိုင်းမြို့နယ် မုန်ဒိန်ရပ်ကွက်  ပါတီအခြေခံအဖွဲ့နှင့် ရပ်/ကျေးအုပ်စု ပါတီရွေးချယ် တင်မြောက်ခြင်းကို မေလ (၂၀) ရက် နံနက် (၁၀) နာရီခွဲအချိန်က  သါယာရွှေပြည်ဘုန်းကြီး ကျောင်း၌ ကျင်းပရာမြို့နယ်ပါတီ ကော်မတီဝင်များနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


Leave a Reply