ဇေယျာသီရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသခံများလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်

U Hla Htay Win5

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း သည် မေလ (၂၁) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင်ရပ်ကွက်၊ နန်းသြကျေးရွာ၊ ဥယျာဉ်ကွက်သစ်၊ ဒိုးပင်ခုံ ကျေးရွာများသို့ ရောက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူလူထု၏ရေရှားပါးမှု လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒေသခံ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရေရှားပါးမှုကြုံတွေ့နေရသည့်အတွက် အ၀ီစိတွင်း တူးဖော်ရန် မြေနေရာရွေးချယ်ပြီး အ၀ီစိတွင်းတူးဖော်နိုင်ရန်၊ အခြားနည်းလမ်းပေါင်းစုံတို့ဖြင့် ရေရရှိရန် အမြန်ဆုံး ဆောင်ရွက်နိုင်ရေးနှင့် နန်းသြကျေးရွာ၊ ဒိုးပင်ခုံကျေးရွာများရှိ မူလတန်းကျောင်းများ ပျက်စီးမှုအခြေအေနေတို့ကို မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ညှနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍သာယာကုန်းကျေးရွာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ စခန်းမှူးရုံး၏ အစီအစဉ် ဖြင့် ဆောက်လုပ်ပေးနေသော သာယာကုန်းကျေးရွာနှသ့် ညောင်ပင်သာကျေးရွာ ချောင်းကူးတံတား ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

The Union Daily


Leave a Reply