HIV ပျောက်ကင်းရန် ကုသမယ့် ဆေးပညာ တွေ့ရှိရန် နီးစပ်

13226971_1106013406129176_8003960126671180498_n

အမေရိကန်ပြည်ထောင်စု Temple University မှ ဆေးပညာ သုတေသန ပညာရှင်များဟာ HIV AIDS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မ့် နည်းပညာ တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုဟာ ရောဂါ ပျောက်အောင် ကုသမယ့် ခြေလှမ်းသို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ CRISPR technology လို့ခေါ်တဲ့ နည်းပညာဟာ Gene Editing System ကို အသုံးပြုပါတယ်။

Cell ထဲမှာ ရှိနေတဲ့ HIV-1 ဗိုင်းရက်စ်ကို သတ်ခြင်းပါ။ HIV-1 ဗိုင်းရက်စ်ဟာ AIDS ရောဂါဖြစ်စေတဲ့ ပိုး ဖြစ်ပါတယ်။ ယင်း ပိုးကို ခန္ဓာကိုယ်တွင်းရှိ တစ်ရှူးတွေထဲ ကနေ ပယ်ထုတ်ခြင်း ဖြစ်ပါတယ်။ စမ်းသပ်မှု အနေဖြင့် ကြွက်များတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး ကြွက်တွေရဲ့ သွေးနဲ့ဆဲလ်တွေကို စစ်ဆေးတဲ့အခါ HIV-1 ဗိုင်းရက်စ်ဟာ လုံးဝမရှိတော့ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ယင်းဟာ လူတွေမှာလည်း မစမ်းသပ်ရသေးသလို HIV-1 ကို လုံးဝအရှင်း cut-off လုပ်နိုင်ခြင်း ရှိမရှိကို မသိသေး ပါဘူး။ ဒါပေမယ့် ယခုတွေ့ရှိမှုဟာ အနာဂတ်မှာ HIV ကို အပျောက်ကုသရန် နီးစပ် နေပြီဖြစ်ကြောင်း သုတေသန ပညာရှင်များမှ ပြောဆိုခဲ့ပါတယ်။

.Ref: dailymail  အောင်ခမ်း (ရိုးရာလေး)


Leave a Reply