သက်သတ်လွတ်စားသူများအတွက် လိုအပ်သော ဗီတာမင်များ

သက်သတ်လွတ်စားသူများနှင့် အသီးအရွက်အများစု စားသူများသည် အသားစားသူများထက် ကိုယ်အလေးချိန် ပိုနည်းလေ့ရှိပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် အမျိုးအစား-၂ ဆီးချိုရောဂါတို့ ဖြစ်ပွားမှုနှုန်း နည်းပါးကြောင်း သိရသည်။
သို့ရာတွင် သက်သတ်လွတ်စားသူများသည် အရေးကြီးသော အာဟာရဓာတ်များ ချို့တဲ့နိုင်သည့် အန္တရာယ်ရှိခြင်း ကြောင့် သက်သတ်လွတ်စားသူများအတွက် အရေးကြီးသော အာဟာရဓာတ်ငါးမျိုးကို ဖော်ပြပေးလိုက်ပါသည်။

New Picture

ကယ်လ်ဆီယမ်ဓာတ်သည် အရိုးနှင့်သွားများ ခိုင်မာစေရန် မရှိမဖြစ်လိုအပ်ပြီး သွေးကြောများနှင့် အာရုံကြော လုပ်ဆောင်ချက်များ ကောင်းမွန်အောင် ဆောင်ရွက်ပေးသောဓာတ်ဖြစ်သည်။ အသက် (၅၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးများ နေ့စဉ် ကယ်လ်ဆီ ယမ် ၁၀၀၀ မီလီဂရမ်ရရှိရန် လိုသည်။

ဆဲလ်များသို့ အောက်ဆီဂျင်သယ်ဆောင်ပေးသော ပရိုတိန်း ဓာတ်တစ်မျိုး ထုတ်လုပ်ရန် ခန္ဓာကိုယ်က သံဓာတ် လိုအပ်သည်။ သံဓာတ်မလုံလောက်ပါက မူးဝေအားနည်းခြင်းတို့ ကြုံနိုင်သည်။ အသက်(၅၀)အောက် အမျိုးသား၊ အမျိုးသမီးများ တစ်နေ့လျှင် သံဓာတ် ၂၇ မီလီဂရမ် ရရန်လိုသည်။ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်အောင် ဗီတာ မင်ဒီက ကူညီပေးသည်။ လူတစ်ဦးအနေဖြင့် ဗီတာမင်ဒီ နေ့စဉ် ၆၀၀ IU ရရှိရန်လိုသည်။ ဗီတာမင် ဘီ-၁၂ ကို တစ်နေ့လျှင် ၂ ဒသမ ၄ မိုက်ကရိုဂရမ် ရရှိရန် လိုအပ်ပြီး နွားနို့၊ ဒိန်ချဉ်၊ ချိစ် စသည်တို့ စားပေးခြင်းဖြင့် ဗီတာမင်ဘီ-၁၂ ဓာတ် ရရှိနိုင်သည်။

အိုမီဂါ-၃ ဖက်တီးအက်စစ်သည် ကျန်းမာရေးအတွက် အလွန်အရေးပါသော အာဟာရဓာတ်ဖြစ်သောကြောင့် တစ်နေ့လျှင် ၅၀၀ မီလီဂရမ်ထက်မနည်း ရရှိရန်လိုသည်။ ဖရုံစေ့ကဲ့သို့ အစားအစာများ စားခြင်းဖြင့် အိုမီဂါ-၃ ဖက်တီးအက်စစ်ရရှိနိုင်ပြီး သက်သတ်လွတ်မစားသူများအနေဖြင့် ဆော်လမွန်ငါး၊ တူနာငါးနှင့် မက္က ရယ်ငါးတို့တွင် အိုမီဂါ-၃ ဖက်တီးအက်စစ်များ အဓိကပါဝင်သဖြင့် ယင်းငါးများကို စားပေးနိုင်သည်။

www.phothutaw.com


Leave a Reply