ကျေးလက်ဒေသများအရောက် ပြည်ထောင်စုနေ့စဉ် သတင်းစာဖြန့်ချနိုင်ရေး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုးကူညီပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဌာနချုပ်မှ နေ့စဉ်ထုတ်ဝေလျက်ရှိ သော ပြည်ထောင်စုနေ့စဉ်သတင်းစာကို ကျေးလက်ဒေသများ အရောက် ဖြန့်ချိနိုင်ရေးကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မေလ (၁၈) ရက်က နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီစုံညီအစည်းအဝေးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်က သတင်းမီဒီယာလုပ်ငန်း တိုးတက်မြင့်မား လာရေး၊ အသိပညာတိုးတက်မြင့်မားလာစေရေး၊ စည်းရုံးရေးစွမ်းရည် တိုးတက်မြင့်မားလာစေရေးတို့ အတွက် ပြည်ထောင်စုနေ့စဉ်သတင်းစာကို တိုင်းဒေသကြီးပါတီမှ ၀ယ်ယူ၍ သက်ဆိုင်ရာမြို့နယ်ပါတီ များမှတဆင့် ကျေးလက်ဒေသများအရောက် ဖြန့်ချိနိုင်ရေးကို အလေးထားတိုက်တွန်းခဲ့ကြောင်း သိရသည်။


Leave a Reply