မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁-၁၂-၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်းဒေသကြီး ပါတီနှင့်မိတ္ထီလာခရိုင်/မိတ္ထီလာမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား လည်း ကောင်း၊ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပါတီဝင် အင်အားစိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့စည်းရုံးရေး၊လူငယ်/ အမျိုးသမီးကဏ္ဍ စကားဝိုင်း ဆွေးနွေး ပွဲများစဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံရာ တွင် အသွင်သစ်ဖြင့်ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးကပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါသည်။

ယနေ့ကျင်းပ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှုးဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦး ၊ဦးရွှေနန်း၊ဒေါ်ဝါဝါလှိုင်၊ မိတ္ထီလာ ခရိုင်ဥက္ကဌ ဦးထွန်းထွန်းဦး၊အတွင်းရေးမှုး ဦးရဲထွန်းနိုင့်ခရိုင်ကော်မတီဝင်များ၊ မိတ္ထီလာမြို့နယ်ပါတီဥက္ကဌ ဦးမြင့်ဆန်း၊ အတွင်းရေးမှုးဒေါ်မြမြဝင်းနှင့် ကော်မတီဝင်များတက်ရောက် ခဲ့ကြောင်း သိရှိရသည်။