သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း ဧပြီ ၂ဝ ရက်မှစတင်၍ အမာခံ (ကေဒါ) များအား ရပ်/ကျေးအုပ်စု ၆ဝ အုပ်စုတွင်း ဖွဲ့စည်းရာ ယခုလ ၁၂ ရက်အထိ ၅ဝ အုပ်စုသို့ အမာခံ(ကေဒါ)များ ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

ထို့သို့ဖွဲ့စည်းရာသို့ ခရိုင်ကော်မတီဝင်ဦးသန်းဇော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ဥမ္မာမို့မို့ဇော် ဦးစီးသော မြို့နယ်ပါတီကော်မတီဝင် ခြောက်ဦးပါအဖွဲ့ (၁)အဖွဲ့နှင့် မြို့နယ်ပါတီ တွဲဖက် အတွင်းရေးမှူး ဦးရဲလင်းအောင် ဦးစီးသော မြို့နယ်ပါတီကော်မတီဝင်ခြောက်ဦးပါအဖွဲ့ (၂) အဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

The Union Daily


Leave a Reply