ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်/မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံကေဒါများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဧပြီ (၂၉) ရက်မှစ၍ ရပ်/ကျေး (၆၉) အုပ်စုသို့ကွင်းဆင်းဖွဲ့စည်းရာ မေလ (၁၃) ရက် အထိ ကျေးရွာခွဲပေါင်း (၈၈) ရွာ၌ အမာခံပါတီကေဒါ (၁၃၅ဝ) ဦး ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်ပါတီကော်မတီဝင် ဒေါ်ဆွေဆွေသင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်ဇွန်မွန်မြင့်နှင့် ကော်မတီဝင် (၁၄) ဦးဖြင့် ခြောက်ဖွဲ့ခွဲ၍ ကွင်းဆင်း ဆောင်ရွက်၍ မကြာမီရက်များအတွင်း ဖွဲ့စည်းဆောင်ရွက်မှု ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply