လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်သောကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံး ရေများ သွားရောက်လှူဒါန်း

LPT11

လပွတ္တာမြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်နေသော ကျေးရွာများသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ သောက်သုံးရေများသွားရောက်လှူဒါန်းရာ ပြည်ခိုင်ဖြိုးပါတီ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တာဝန်ခံ ဦးဝင်းကိုကို ဦးဆောင်မှုဖြင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီအမှုဆောင်များပူးပေါင်းပြီး မေလ (၁၅) ရက်နေ့တွင် သောက်သုံးရေ ပြတ်လပ်နေသော လပွတ္တာမြို့နယ်အတွင်းရှိ သင်္ကန်းကြီးအုပ်စု ကုန်းကြီးကျေးရွာနှင့် ဂုံညင်းတန်းကျေးရွာများသို့ ရေဂါလန် ၁၆ဝဝဝ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထို့အတူ မိမိတို့နှင့်အတူ သွားရောက်လှူဒါန်းသော မြောင်းမြမစန္ဒာရပ်ကွက်မှ ချမ်းမြေ့မေတ္တာရှင် ရေကူညီရေးအသင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ဦးဝင်းကိုကိုက အလှူငွေ ကျပ် နှစ်သိန်းနှင့် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ အလှူငွေ ကျပ်နှစ်သိန်း လှူဒါန်း ခဲ့ကြောင်း သိရသည်။

အလားတူ မေလ (၁၆) ရက်ကလည်း ဆားချက်အုပ်စု၊ ပုံကမာကျေးရွာ၊ သင်္ကန်းကုန်းကျေးရွာ၊
ပိတောက်ကုန်းကျေးရွာ၊ ဆင်ထွက်ကျေးရွာများသို့ လပွတ္တာပြည်ခိုင်ဖြိုးမှ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


Leave a Reply