ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီအတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

13087511_380413142133819_2111344492800710008_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယနေ့ နေ့လည် ၁နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်း ဒေသကြီး (အရှေ့) ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များ၊ ပဲခူး၊ သနပ္ပင်၊ ဝေါ၊ ဒိုက်ဦးနှင့် က၀ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များမှ ရပ်ကျေးစည်းရုံးမှူးများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်လည်း တက်ရောက် သည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက အဖွင့်အမှာ စကားပြောကြားရာ မိမိတို့ပါတီဝင်များသည် အထွေထွေရွေးကောက်ပွဲတွင် ပါတီအနိုင် ရရှိရေးအတွက် မိမိတို့တတ်စွမ်း သရွေ့အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သည့် အတွက်လည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကိုယ်စား အသိအမှတ်ပြုပါကြောင်း၊ ရွေးကောက်ပွဲ အနိုင်အရှုံးနှင့်ပတ်သက်၍ ပြည်သူများ၏ ရွေးချယ်မှုဖြစ်၍ လက်ခံပါကြောင်း၊ မိမိတို့အကျိုး ပြု လုပ်ဆောင်မှုများကို ပြည်သူများနားလည်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကြောင်း၊ မိမိတို့အားနည်းချက်များ ကိုသိရှိပြီး ရှေ့ဆက် လက်ပြီးကောင်းအောင် အချိန်မီပြုပြင်သွား ရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ကိုယ်တိုင်ယုံကြည်မှု၊ ခံယူမှုများဖြင့်ပါတီဝင် အဖြစ်ခံယူ ထားကြသူများဖြစ်ကြောင်း ပါတီဝင်များ၏ ယုံကြည်မှု၊ ခံယူမှုရှိနေသည်နှင့်အမျှ ပါတီတည်ရှိနေမည် ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့်လည်း ပါတီအပေါ်ယုံကြည်မှု မရှိလျှင် ပါတီမူဝါဒလမ်းစဉ်များအား လိုက်နာမှုမရှိလျှင် ပါတီဝင်အဖြစ်မှ ပျက်ပြယ်ကြောင်း၊ မိမိတို့အနေဖြင့်အသင်း ဘ၀ကပင်ပါတီ စုံဒီမိုကရေစီစနစ်ရရှိစေရန် ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ ကြကြောင်း၊ ပါတီစုံဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးနိုင်ရန် ပြင်ဆင်သည့်ကာလ၊ အခြေခံများတည်ဆောက်သည့်ကာလ ပါတီစုံဒီမိုကရေစီကိုပြောင်းလဲ ကျင့်သုံးသည့် ကာလ ပါတီစုံဒီမိုကရေစီ ကျင့်စဉ် တိုးတက်ခိုင်မာအောင် ဆောင်ရွက်သည့် ကာလများမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီ၏မူဝါဒနှင့် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ခိုင်မာသော စိတ်ဓာတ်ဖြင့်အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်မှုများကို ပြည်သူများ ယုံကြည်လက်ခံနားလည် လာ အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ပါတီအနေဖြင့်မကြာမီ ပါတီညီလာခံကျင်းပ တော့မည်ဖြစ်ကြောင်း၊ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် အဆင့်ဆင့် ဆောင်ရွက်ကြပြီးလျှင် ပါတီညီလာခံဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ပါတီညီလာခံအား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အားလုံး ၀ိုင်းဝန်းဆောင်ရွက် ကြရန်မှာကြားပါသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်မှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းမှာကြားသည်။

ထိုတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့)ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ပဲခူးခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များ၊ ပဲခူး၊ သနပ်္ပင်၊ ဝေါ၊  က၀မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များ၊ ပဲခူးမြို့ပေါ်ရပ်ကွက်များမှ ရပ်ကျေးစည်းရုံးရေးမှူး များ အင်အား ၇၅ဦး တက်ရောက် ခဲ့ ကြောင်း သိရသည်။


Leave a Reply