ပါတီမှ အနားယူခွင့်ပြုသူများကိစ္စနှင့် ရှုပ်ထွေးအောင် လက်မှတ်အဟောင်းများဖြင့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရေး တောင်းဆိုခြင်းသာဖြစ်

24779696-01052016

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီ အစည်းအဝေးကျင်းပရန် ဇန်နဝါရီ ၂၉ ရက်စွဲဖြင့် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ဗဟိုကော်မတီဝင် ၁၃၆ ဦးလက်မှတ်ရေးထိုးတောင်းဆိုမှုမှာ ပါတီဝင်အဖြစ်မှ အနားယူခွင့်ပြုသူများကိစ္စနှင့် ရှုပ်ထွေးအောင် လက်မှတ်အဟောင်းများအသုံးပြုကာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ”၁၃၆ ဦး လက်မှတ် ထိုးပြီး တောင်းဆိုတယ်လို့ပြောတဲ့အခါကျ တော့အပြင်မှာရှိတဲ့သူက ဘာထင်လဲဆိုတော့ အနားယူခွင့်ပြုတယ်ဆို တဲ့ကိစ္စနဲ့ ပတ်သက်လို့ချက်ချင်းကြီး မကျေနပ်တဲ့သူတွေက ၁၃၆ ဦးတောင် ရှိလာတယ်သလိုလိုဖြစ်နေတယ်။ ကျွန်တော့်ကို ဧရာဝတီတိုင်းမှာ အစည်းအဝေးတွေ လုပ်တဲ့အချိန် လက်မှတ်ထိုးပေးပါဆိုတော့ တက်ရောက်လက်မှတ် သဘောနဲ့ ထိုးပေးလိုက်တယ်။ ခေါင်းစဉ်ကြည့်လိုက် တဲ့အခါကျတော့ပါတီညီလာခံခေါ် ပေးဖို့ကိစ္စဖြစ်နေတယ်။ ဦးမောင်ပါလည်း လက်မှတ်ထိုးထားတယ်။ အဲ့ဒါဘာလည်းဆိုရင် ကျွန်တော်တို့ လွှတ်တော်တွေမပြီးသေးတဲ့ အချိန်မှာ ပါတီညီလာခံခေါ်ပေးပါဆိုပြီး လုပ်ကြမယ်ဆိုပြီးတော့။ လွှတ်တော်က ဇန်နဝါရီ ၂၈ ရက်နေ့ပြီးတယ်။ ၂၆ ရက်နေ့မှာ လက်မှတ် ထိုးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ခေါ်တွေ့တယ်။ ခင်ဗျားတို့လုပ်နေတာ ကျွန်တော်တို့သိတယ်။ ကြားတယ်။ တရားဝင်လာတင်တာမရှိဘူးနော်။ သူတို့တင်ရမလိုလို၊ မတင်ရမလိုလိုနဲ့။ရတယ်။ ပါတီညီလာခံ ဆိုတာ ခေါ်ပေးမယ်။ ပါတီညီလာခံနဲ့ ပတ်သက်ပြီးခေါ်ပေးဖို့ဆိုရင် အချက် သုံးချက်ရှိတယ်။ အရင်တုန်းက ကိုယ်စားလှယ်တက်ရောက်ခဲ့တဲ့ ၇၅ ရာခိုင်နှုန်း လက်မှတ်ထိုးလို့ ရှိရင်၊ဗဟိုကော်မတီဝင်ရဲ့ ရာခိုင်နှုန်း ၅ဝ ကလက်မှတ်ထိုးလို့ရှိရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီက အရေးတကြီးလိုအပ်ရင် လုပ်ပေး နိုင်တယ်လို့ ပြောတာ။ ဖွဲ့စည်းပုံ အခြေခံစည်းကမ်းအရ ပြောတာ။ အကုန်လုံးကိုလည်းရှင်းပြခဲ့တယ်။ အဲ့ဒါတွေပြီးသွားပြီ။ ပြီးသွားတဲ့ အချိန်ကျမှ အရင်လက်မှတ်တွေနဲ့ လာပြီးတော့လုပ်တယ်”ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ ပါတီညီလာခံကို ငါးနှစ်တစ် ကြိမ်ပြုလုပ်ရမည်ဖြစ်ပြီး အစိုးရ သစ်ဖွဲ့စည်းပြီးမှ ပါတီညီလာခံကို လုပ်ဆောင်ရ သည်သာဖြစ်ကြောင်း၊ အစိုးရမဖွဲ့မီ ပါတီညီလာခံ လုပ်ဆောင်မရ၊ ပါတီညီလာခံကို ရပ်/ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့်လုပ်ရမည်ဖြစ် ကြောင်း၊ အရေးပေါ်ညီလာခံဆိုပြီး ခေါ်ယူ လုပ်ဆောင်ခြင်းမှာအဓိပ္ပာယ် မရှိကြောင်း၊ ထိုကြောင့် စနစ်အတိုင်းပင် အချိန်ပေးလုပ်ဆောင်ရကြောင်း သိရသည်။ ထို့ပြင် ပါတီဝင်အဖြစ်မှအနား ပေးခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ”ဒီလိုထုတ်ပယ် တယ်ဆိုတာ နှစ်ချက်ပဲရှိတယ်၊ ပါတီကိုမယုံတော့ဘူး ဆိုရင်ပါတီဝင်အဖြစ်မှ အလိုလျောက်ပျက်ပြယ်တယ်။ ယုံကြည်မှုပဲ။ ပါတီဝင်တွေဆိုတာ ယုံကြည်မှုနဲ့သွားတယ်။ အဲ့ဒီပါတီဝင် တစ်ဦး တစ်ယောက်ကလည်းပဲတခြားပါတီ၊ တခြားပုဂ္ဂိုလ်ကို သစ္စာခံတယ်ဆိုရင်လည်း၊ ပါတီရဲ့ လမ်းညွှန်ချက်တွေကိုမခံယူဘဲ တခြားပါတီက လမ်းညွှန်ချက်တွေကို ခံယူတယ် ဆိုရင်လဲ ပါတီဝင်အဖြစ်က ပျက်ပြယ်တယ်”ဟု ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။ အဆိုပါ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် အစည်းအဝေးကျင်းပရန် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ဗဟိုကော်မတီဝင် ၁၃၆ဦး လက်မှတ်ရေးထိုး တောင်းဆိုမှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ”ဦးဇော်မြင့်ဖေ လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ ပါတီဗဟို ကော်မတီဝင် တစ်ရာ ကျော်က အရေးပေါ် ညီလာခံခေါ် ပေးပါဆိုတဲ့ဟာက ကြာလှပြီဗျ။ FB မှာ ကျွန်တော်အရင်တစ်ခါ တင်ပြဖူးပါတယ်။ RFA မှာတောင် ပြောဖူးပါတယ်။ ဒီလိုပါ အဲ့ဒီလက်မှတ်တွေ လိုက်ကောက်တာက ၂ဝ၁၆ ဇန်နဝါရီလထဲမှာ ပထမအကြိမ် လွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးလက်ကျန် ကာလလေး လွှတ်တော်တက်နေရတဲ့အချိန်မှာပါ။ အဲ့ဒီမှာပဲ ဘယ်သူကလိုက်ထိုး ခိုင်းမှန်းမသိဘူး။ ‘မတ်လမှာ ပါတီမျက်နှာစုံညီညီလာခံရှိတယ်။ တက်မှာလား၊ တက်မယ်ဆိုလက် မှတ်ထိုး’ဆိုပြီး လိုက်ထိုးခိုင်း တာပါ (နောက်တော့ဘယ်သူ့လက်ချက် ဆိုတာသိပါတယ်။) ကျွန်တော် အပါအဝင်တချို့ကလည်း’ဟ ဒို့က ဗဟိုကော်မတီဝင်ပဲ တက်ရမှာပေါ့’ဆိုပြီး လက်မှတ်ထိုးလိုက် တဲ့ထဲ ကျွန်တော်လည်းပါတယ်။ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတောင်ပါသေးတယ်။ အဆောင်ရောက်တော့ ပြန်စဉ်းစားတယ်။ မတ်လမှာ အစည်းအဝေးခေါ်ရင် သက်တမ်းအရ သမ္မတလုပ်နေရသေးတဲ့ပါတီဥက္ကဋ္ဌ အစစ်ကြီးဖြစ်တဲ့ ဦးသိန်းစိန်က အခြေခံဥပဒေအရ ဘယ်တက်နိုင်မလဲ၊ အာဏာက မတ်လကုန်မှလွှဲ ရမှာလေ။ဒုတိယသက်တမ်းသမ္မတ ဆက်လုပ်နေရလို့ သူမပါဘဲညီလာခံ လုပ်တယ်ဆို တာသဘာဝကျတယ်။ ခုဟာကြီးက အာဏာထပ်သိမ်းခြင် ပြန်တဲ့ပုံစံပဲ။ မရိုးဘူးလို့ထင်တော့ အတွင်းရေးမှူးအဖွဲ့ထဲမှာပါနေတဲ့ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက ကိုပိုက်ထွေး၊ ဒေါက်တာ မောင်မောင်ဌေးတို့ကိုဖုန်းဆက်ပြီး ”ဒီမှာတော့ ဒီလိုဖြစ်နေတယ် ခင်ဗျားတို့သိလား’ ဆိုတော့မသိ ဘူးတဲ့။ အမှန်ဆို အကုန်ထိုးမိမှာ အချိန်မီသိလိုက်လို့ ၁၃၆ ဦးပဲဖြစ်သွားတာပါ။ ဒါနဲ့ အဲဒီက တစ်ဆင့် အထက် အဆင့်ဆင့်သိသွားပြီး မတ်လမှာမလုပ်ပါဘူး။ ဇူလိုင်လ မှပါတီညီလာခံလုပ်ဖို့ လျှာထားပါတယ် ဆိုတာဖြစ်သွားတာပါ။ ဒီလိုပါတီဥက္ကဋ္ဌအစစ်သမ္မတ(ငြိမ်း) မပါဘဲ ညီလာခံခေါ်တယ်ဆိုတာ ဘယ်သူ့ လက်ချက်လည်း စဉ်းစားသာကြည့်ပေါ့။ အဲဒီလက်မှတ်တွေ ထိုးခဲ့တဲ့ရက်စွဲကတော့ ၂ဝ၁၆ ဇန်နဝါရီလထဲက ဖြစ်ပါတယ်။ ဒါကြီးကို ခုမှပြန်ဆွဲထုတ်လာပြီး ဦးဇော်မြင့်ဖေလက်မှတ်ထိုးတဲ့ပြီး ခုလတ်တလောပဲ လက်မှတ်ထိုး တောင်းဆိုသလိုလို လုပ်လာတာ၊ သူတို့ဟာပါတီကို ခလောက်ဆန်စေလိုတဲ့သဘောဆိုတာ သိသာပါတယ်။ အဲ့လက်မှတ်ထိုးခဲ့တဲ့ထဲက လူတွေကိုအကုန်နီးပါးဖုန်း နံပါတ်မှတ်မိသ၍ လိုက်မေးကြည့် တော့ လွှတ်တော်ထဲမှာ ၂ဝ၁၆ ဇန်နဝါရီ က ထိုးခဲ့ဖူးတာကလွဲပြီး အသစ်မထိုးခဲ့ရပါဘူးတဲ့ ဗျာတို့ရေ။ လံကြုတ်ကြီးကလည်း မပီပြင်တော့ အချိန်အနည်းငယ် အတွင်းဘူးေ ပ်ါသလို ပေါ်ရတော့တာကိုး။ ဒီလိုမျိုး လက်မှတ်အဟောင်းနဲ့အပေါ်ကာဗာ လက်တာအသစ်နဲ့လုပ်လေ့ရှိတာက ဘာလာလာ ဒီလက်မှတ်တွေ ချည့်ကော်ပီ လုပ်ထည့်တတ်တာက တော့တိုင်စာပွဲစားတွေ လုပ်လေ့ရှိ တဲ့အကျင့်ဗျ”ဟု ရေးသားဖော်ပြ ထားသည်ကိုလည်းတွေ့ရသည်။ လက်မှတ်ထိုးတာက ပထမအကြိမ် လွှတ်တော်အစည်းအဝေး မပြီးမီ ဇန်နဝါရီလ နောက်ဆုံး ပတ်မှာထိုးခဲ့တာ။ ထိုးခဲ့တဲ့ရည် ရွယ်ချက်က ပါတီအစည်းအဝေး တစ်ခုခေါ်ဖို့ လွှတ်တော်ထဲမှာထိုးတာ။ အဲ့ဒီအချိန်ပါတီဌာနချုပ်က ပြန်ရှင်းပြတဲ့အချိန်ကျတော့ ပါတီညီလာခံဆိုတာမျိုးက ရွေးကောက် ပွဲတွေပြီး အစိုးရဖွဲ့ပြီးလို့ရှိရင် ပါတီညီလာခံ ခြောက်လအတွင်း ခေါ်ရတယ်။ ပါတီညီလာခံကို စနစ်တကျခေါ်ပြီးလုပ်မယ်ဆိုတော့ တော်တော်များများ လက်မှတ်ထိုးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက ဒီအပေါ်မှာအလေးမထားဘူး။ ကိစ္စကလည်းပြီးသွားပြီ။ အခုပါတီညီလာခံလုပ်ဖို့ကိစ္စကိုပဲ သဘောတူခဲ့တာရှိတယ်။ ရွေးကောက်ပွဲကလည်း ရှုံးသွားတာပေါ့နော်။ ပါတီကလည်းပဲ လိုအပ်တာေ လးတွေ ပြန်ညှိမယ်ဆိုတော့ ကောင်းတဲ့လက္ခဏာတစ်ခုပဲ။ ဒါကြောင့်သင့်တော်တဲ့ အချိန်မှာလုပ်ရင် ကောင်းတယ် ဆိုတဲ့ အယူအဆတစ်ခုနဲ့ ထိုးခဲ့ကြတာ။ ဒါပေမယ့် တကယ့်တကယ်ပါတီ ညီလာခံကို စနစ်တကျနဲ့ လုပ်မယ့် အခါကျတော့ ဘယ်သူမှ စိတ်မဝင်စားဘူး။ ဒါကဘာလို့ လက်မှတ်ထိုးခဲ့လဲဆိုတာ အဲ့ဒါပဲ။ ၁၅ ဦးကို အနားပေးပြီးတော့ လက်မှတ်ထိုး တာမဟုတ်ဘူး။ဟိုလွန်ခဲ့တဲ့ သုံးလ လောက်တုန်းက ညီလာခံတစ်ခု ခေါ်ပေးပါဆိုပြီး ပေါ့ပေါ့တန်တန် ထိုးခဲ့တာဖြစ်တယ်။ လွှတ်တော်ထဲမှာ ထိုးပြီး လွှတ်တော်တာဝန်ရှိတဲ့ သူတွေလက်ထဲမှာပဲ ကိုင်ထား ခဲ့တာပါ။ အခု ၁၅ ဦးပေါ့နော်။တော်တော်များများက ဥပဒေရေး ရာနှင့်အခြားကိစ္စရပ်များ ကော် မရှင်ထဲမှာပါတဲ့ ၁ဝ ယောက်ကျော် ကျော်လောက်ပါနေတာကိုး။အဲ့ဒီ အဖွဲ့ကပဲ အကြံရှိရှိနဲ့ ပြည်သူတွေ ကိုဇဝေဇဝါဖြစ်အောင်ပြန် အသုံးချတာပါ။ အင်မတန်ကို ဒါဟာ မှန် ကန်တဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး။ အခုချိန်မှာ ပါတီကို လှည့်မကြည့် ဘဲ လုပ်သွားတာတွေရှိတယ်။ အလွဲသုံးစားလုပ်သွားတယ်။ လက်မှတ်တွေနဲ့ အလွဲသုံးစားလုပ်သွားတယ်။ စနစ်တကျခေါ်မယ့် ပါတီညီလာခံကိုပဲထောက်ခံတယ်။ တစ်နိုင်ငံလုံးသော ပါတီဝင်တွေကလည်းသိတယ်။ ၁၃၆ ယောက်ကို ပြန်မေးကြည့် ၁ဝ ရာခိုင်နှုန်းတောင် မထိုးဘူး။ ထိုးတဲ့သူက နည်းနည်းပဲရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်နောက်ဆုံးလလို့ပဲ ပြောလို့ရမှာပေါ့။ ဇန်နဝါရီလထဲမှာ လွှတ်တော်တက်နေတဲ့ ကာလမှာပဲ အရေးပေါ်ညီလာခံ ခေါ်ပေးဖို့ ဆိုပြီးတော့ လွှတ်တော်ကိုယ်စား လှယ်တွေကို ပြည်နယ်တိုင်း အလိုက် စီစဉ်ကြတာရှိတယ်။ ဦးလည်းလက်မှတ်ထိုးခဲ့တာပေါ့။ ခုနပြောတဲ့ပါတီညီလာခံကြီးခေါ်ဖို့ အတွက်ပေါ့နော်။ အဲ့ဒီအချိန်ထဲမှာပဲ သိပ်မကြာမီလွှတ်တော်ကလည်း ပြီးခါနီးပြီ။ အဲ့ဒီအချိန်ပါတီဌာန ချုပ်မှာပဲ ပါတီဒုတိယဥက္ကဋ္ဌက လွှတ်တော်ပြီးခါနီး လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ဆက်တာပေါ့နော်။ အဲ့ဒီမှာပါတီညီလာခံ ခေါ်ပေးမယ်။ ငါးနှစ်တစ်ကြိမ် ခေါ်ရတာပဲ။ ညီလာခံခေါ်တယ်ဆိုတာ အချိန်ယူရ တယ်ပေါ့နော်။ ခုနပြောတဲ့ညီလာခံခေါ်ရင် အစိုးရဖွဲ့ပြီး ခြောက်လပတ်ဝန်းကျင် လောက်မှာ ညီလာခံခေါ်ရ မယ်ဆိုတဲ့အတွက် ပြီးသွားပြီ။ ဇန်နဝါရီလအတွင်းမှာ ညီလာခံ လုပ်ဖို့ ဆိုပြီး ရန်ကုန်တိုင်း အတွင်းမှာ ကိုယ်လည်းထိုးတယ်။ လိုအပ်တဲ့ သူတွေကိုလည်း လိုက်ထိုးခိုင်းတော့ သူတို့လည်းထိုးတယ်။ ထိုးသာ ထိုးရတယ်။ မတ်လအတွင်းဆိုတော့ အရမ်းကပ်နေတယ်။ရပ် ကွက်၊ကျေးရွာ၊မြို့နယ်၊ တိုင်းဒေသ ကြီး၊ပြည်နယ်ကတစ်ဆင့်ပါတီဌာနချုပ်အထိလုပ်ရမှာဆိုတဲ့ အတွက် ကြောင့် ညီလာခံလုပ်ရမယ့်ရည် ရွယ်ချက်တွေနဲ့လုပ်ရမယ့်အတွက်ကြောင့် အချိန်လိုတယ်ဆိုတာတို့သိ တယ်။ ကိုယ်စားလှယ်တွေ့ဆုံပွဲမှာ ပြောပြီးတဲ့အတွက်ဒါကပြီးသွားပြီ။ ဒီလက်မှတ်တွေကိုယူထားပြီး ဒီလို အချိန်မှအသုံးချတယ်ဆိုတာ မလုပ် သင့်တဲ့ကိစ္စပဲ။ ညာတယ်လို့ပဲပြော ရမှာပေါ့။


Leave a Reply