တရုတ်တွင် မေဒေးနေ့အားလပ်ရက် ခရီးထွက်သူများ လေဆိပ်တွင် သောင်တင်

Dense-fog03-Reuters

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးခရိုင်ထဲမှာ မေဒေးနေ့ အားလပ်ရက် ခရီးထွက်သူတွေဟာ မြူထူတဲ့ အခြေအနေနဲ့ ကြုံရပြီး လေဆိပ်မှာ သောင်တင်ခဲ့ကြ ပါတယ်။

မီးခိုးမြူတွေဆိုင်းပြီး ကီလိုမီတာ ၂၀၀ လောက်အထိပဲ အဝေးဆုံး မြင်ရတာကြောင့် ချန်ဒူးမြို့ လေဆိပ်ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၄ နာရီ ၂၅ ကစလို့ ယာယီ ပိတ်ခဲ့ရပါတယ်။

ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ချန်ဒူးမြို့နဲ့ အ၀င်အထွက် လေယာဉ်ခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ရတယ်လို့ လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

မနက် ၉ နာရီ ၂၀ လောက် မြူတွေစဲသွားတဲ့အချိန်ကျမှ လေကြောင်းခရီးစဉ်တွေကို ပြန်စနိုင်ခဲ့ပါတယ်။ တရုတ်ပြည်မှာ ဧပြီ ၃၀ ရက်နေ့ဟာ ၃ ရက်တာ မေဒေးအားလပ်ရက်ရဲ့ ပထမဆုံးနေ့ ဖြစ်ပါတယ်။

ချန်ဒူးလေဆိပ်ကနေ ဧပြီ ၃၀ ရက်နေ့ကနေ မေ ၂ ရက်နေ့ထိ ခရီးသည် ၁ သိန်း ၈ သောင်း ၆ ထောင်လောက် အ၀င်အထွက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

(ရိုက်တာ/DVB)


Leave a Reply