ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကို ချယ်လ်ဆီးခေါ်ယူ

Nainggolan-Getty-Images

ရိုးမားအသင်းမှ ကွင်းလယ်လူ ရက်ဒ်ဂျာနိုဂိုလန်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်းက စာချုပ်သဘောတူလိုက်ကြောင်း Goal သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံချယ်လ်ဆီးနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုရန် နိုင်ဂိုလန်ကို နှုတ်အား ဖြင့် သဘောတူညီလိုက်ပြီး ဘယ်လ်ဂျီယံ လက်ရွေးစင်အ တွက် ချယ်လ်ဆီးက ပေါင် ၂၈ သန်း သုံးစွဲမည်ဖြစ်သည်။

နိုင်ဂိုလန်သည် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီး ချယ်လ်ဆီးအား ဟစ် ဒင့်ထံမှ လွှဲပြောင်းတာဝန်ယူရန် သဘောတူညီထားသော လက်ရှိ အီတလီလက်ရွေးစင်နည်းပြ အန် တိုနီယိုကွန်တီ ပထမဆုံးခေါ်ယူ သော ကစားသမားဖြစ်လာခဲ့သည်။

ကွင်းလယ်နေရာစုံတွင် ကစားနိုင်သော နိုင်ဂိုလန်အတွက် သဘောတူညီချက်ကို ရိုးမားနှင့် ကစားသမား၏ ကိုယ်စားလှယ် များကြား လွန်ခဲ့သော ၄၈ နာရီအ တွင်းက သဘောတူခဲ့ကြခြင်းဖြစ်သည်။

အီတလီဈေးကွက် ကျွမ်း ကျင်သူ ကွန်တီသည် ရိုးမား၊ ဂျူ ဗင်တပ်တို့နှင့် နောက်ထပ် အ လုပ်လုပ်ရန်ရှိပြီး ရိုးမားနောက် တန်းလူ မာနိုလက်စ်၊ ဂျူဗင်တပ် နောက်တန်းလူ ဘိုနုချီတို့ကို ခေါ် ယူရန်လည်း စိတ်ဝင်စားနေကြောင်း သိရသည်။

—Ref: Goal


Leave a Reply