မန်စီးတီးနှင့် ရီးယဲလ်တို့ ဂိုးမရှိ သရေကျ

13087164_1709223845997166_8293607993541684922_o

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ မန်စီးတီးက ဥရောပဖလား (၁၀) ကြိမ်ရရှိထားတဲ့ ချန်ပီယံ ရီးယဲလ်ကို အိမ်ကွင်းမှာ အရှုံးရလဒ်ကို ရှောင်ရှားနိုင်ခဲ့ပြီး ဂိုးမရှိ သရေကစားနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့ ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်မယ့် အခွင့်အရေးတွေ ရှိနေခဲ့ပါတယ်။

 

စီရော်လ်နယ်ဒိုဟာ ပေါင်ဒဏ်ရာကြောင့် ဒီပွဲကို လွှဲချော်ခဲ့တဲအတွက် ရီးယဲလ်တို့ ဒီပွဲမှာ တိုက်စစ်ကို ထိထိရောက်ရောက် မကစားနိုင်ပဲ နစ်နာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရီးယဲလ်က မန်စီးတီးဘက်ကို ပိုမို ဖိအားပေးနိုင်ခဲ့ပြီး ပီပီနဲ့ ကက်စ်မဲရိုးတို့ရဲ့ အပိုင်ဂိုးတွေကို ဂိုးသမား ဂျိုဟတ်က ကာကွယ်သွားတာကို တွေ့ရပါတယ်။

 

မန်စီးတီးအသင်းက ပွဲချိန်တစ်လျှောက်လုံး ရီးယဲလ်ဘက်ကို ဂိုးပေါက်ကန်သွင်းမှု မပြုလုပ်နိုင်ခဲ့ပဲ နာကျင် အချိန်ပိုမှသာ ဒီဘရိုင်းရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းချက်တစ်ခုကသာ ရီးယဲလ်ကို ခြိမ်းခြောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

 

မန်စီးတီးအနေနဲ့ ရီးယဲလ်ကို အဝေးဂိုး မပေးရတဲ့အတွက် ကံကောင်းခဲ့တာဖြစ်ပေမယ့် လာမယ့် မေလ (၄) နေ့မှာ ဘာနေဗျူးကွင်းမှာတော့ ဒီထက်ပိုကောင်းတဲ့ ရလဒ်ရယူနိုင်ဖို့အတွက် အားထုတ်မှု ပိုမိုလိုအပ်ပါလိမ့်မယ်။

 

ဒုတိယအကျော့ ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိတဲ့ အသင်းကတော့ မေလ (၂၈) ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ် (သို့) အက်သလက်တီကို တစ်သင်းသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

 

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ပထမအကျော့) ရလဒ်

မန်စီးတီး ၀-၀ ရီးယဲလ်


Leave a Reply