ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်တင်ပွဲ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၁) ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဖေဖော်ဝါရီ (၂၃) ရက် နံနက် ၉နာရီတွင် ယခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲအောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်တင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဆိုင်းဘုတ်တင်ပွဲသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စိုး၊ ခရိုင်အလုပ်အမှုဆောင် ဦးဝဏ္ဏ၊ ဦးသိန်းကျာ်အောင်၊ မြို့နယ်အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ဝင်း အပါအ၀င် ပါတီဝင် (၆ဝ) ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က ပြည်ခိုင်ဖြိုး ပါတီသည်မကြာမီကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယင်း မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ကြာင်း၊ ယနေ့ ပြည်သူ့လွှတ်တော်အတွင်းသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွက် တစ်နေရာလွတ်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရ ခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် မိမိနိုင်ငံအတွက်၊ အမျိုးသားအကျိုးစီးပွားအတွက်၊ အမျိုးဘာသာ သာသနာအတွက်၊ြ ပည်သူများကြား တွင် နိုင်ငံတော်၏ တာဝန်ကို ဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခု ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်တင်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မောင်နီ(ဒဂုံ)