ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစမ်းပွဲကျင်းပ

 

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် မဲဒီး ကျေးရွာရှိ ဘောလုံးအားကစား ကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌဖလား ဘော လုံးပြိုင်ပွဲအတွက် ဒက္ခိဏသီရိမြို့ နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ် အသင်းတို့ ယခုလ ၂ဝရက် မွန်းလွဲ ၃နာရီခွဲ၌ ဘောလုံးခြေစမ်းပွဲကစား ရာဒက္ခိဏအသင်းမှ နှစ်ဂိုး-တစ်ဂိုး ဖြင့် ဥတ္တရအသင်းအား အနိုင်ရရှိ ခဲ့သည်။ ယခုလ ၂၂ ရက်တွင် ဥတ္တရသီရိမြို့နယ်အသင်းနှင့် ဒက္ခိဏသီရိမြို့နယ်အသင်းတို့ ခြေစမ်းပွဲကစားရန် စီစဉ်ထား ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင် ပွဲကျင်းပရခြင်းမှာ ပါတီဌာချုပ်နှင့် ပါတီဝင်လူငယ်များပိုမိုရင်းနှီးကျွမ်း ဝင်စေရေးနှင့် ပြည်သူများပါတီ အပေါ် ပိုမိုစိတ်ဝင်စား၍ ပူး ပေါင်း ပါဝင်လာစေရေးအတွက် အားကစားပြိုင်ပွဲကျင်းပရခြင်းဖြစ် ကြောင်း သိရှိရပြီး ပါတီဌာနချုပ် အားကစားကွင်းတွင် ယခုလ ၂၈ ရက်၌ ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)