ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ကရင်ပြည်နယ် ပါတီဝင်များနှင့်တွေ့ဆုံ

ဘားအံမြို့ရှိ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမ၌ ဇွန်လ (၂၂) ရက်နေ့ မွန်းလွဲ (၃) နာရီခွဲတွင် ကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ သူရဦးမြင့်မောင်၊ ဗဟိုကော်မတီဝင် ဦးသူရိန်ဇော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်/ကျေး ပါတီဝင်များ စုစုပေါင်း အင်အား (၁၉၈) ဦး တက်ရောက်ခဲ့ ကြသည်။

Kayin2 13528835_398539423654524_8115727612111219863_n

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌကြီးက ယခင်အစိုးရ ငါးနှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပါတီ ပြန်လည်ဖွဲ့စည်းရေးတွင် လူမှန်နေရာမှန်ဖြစ်စေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


Leave a Reply