ကုန်ပစ္စည်း ၁၄ မျိုးကို တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့်ပြုရန် စီစဉ်

လက်နက်၊ မူးယစ်ဆေး တို့မှအပ ယခင်ကန့်သတ်ထား သော ကုန်ပစ္စည်းများကို ပြည် တွင်းဈေးကွက်ဝယ်လိုအားနှင့် ထုတ်လုပ်မှုပေါ်မူတည်ပြီး တစ် ဆင့်ခံ ပြည်ပတင်ပို့ခွင့် (Re- Export)ခွင့်ပြုပေးမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပင်လယ်ရေကြောင်းမှ တင် သွင်းသော ကားတာယာ၊ စားသုံး ဆီများအပါအဝင် လယ်ယာ ထုတ်ကုန်၊ အလှကုန်၊ စားသောက်ကုန်နှင့် အဝတ်အထည် စသောကုန်ပစ္စည်း ၁၄ မျိုးကို မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် စီစဉ်နေသည်။ ကားတာယာများကို ပြည်တွင်းရော် ဘာစေးမထွက်မီ သုံးလကြာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဖြင့် ပြည်ပမှတင်သွင်းပြီး တရုတ် နိုင်ငံသို့ ရောင်းချရန် စမ်းသပ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

တစ်ဆင့်ခံ ပြည်ပတင်ပို့မှု များကို ခွင့်ပြုပေးခြင်းသည် ကုန် သွယ်မှုတွင် လိုငွေပမာဏလျော့ နည်းရန်၊ နိုင်ငံတော်မှ အခွန်ငွေ ပိုရရှိရန်နှင့် ပြည်တွင်းမှ အသေး စားနှင့် အလတ်စားကုန်သည်များ လုပ်ငန်းပိုမိုလုပ်ကိုင်နိုင်ရန်ဖြစ် သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆို သည်။

ယခင်အစိုးရလက်ထက် တွင် ကုန်သွယ်မှုကဏ္ဍ၌ လိုငွေ ပမာဏကြီးမားနေမှုကို ကုစားရန် ပြည်တွင်းက ထုတ်လုပ်နိုင်ခြေမရှိ သော စက်သုံးဆီ၊ တရုတ်နိုင်ငံမှ လိုအပ်ချက်ကြီးမားသော သကြား တို့ကို တစ်ဆင့်ခံတင်ပို့ခွင့်ပြုခဲ့ သည်။

‘‘သကြားကို တစ်ဆင့်ခံတင် ပို့ခွင့်ပေးတာ လုပ်ငန်းရှင်ကြီးတွေ ပဲ မဟုတ်ဘဲ တစ်နိုင်တစ်ပိုင်အ သေးစားလုပ်ငန်းရှင်တွေလည်း အဆင်ပြေတယ်’’ဟု မူဆယ်မြို့မှ ကုန်သည်ဦးမင်းသိန်းက ပြော သည်။

သကြားကို တစ်ဆင့်ခံတင်ပို့ ခွင့်ပြုခြင်းကြောင့် မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် သကြားတန်ချိန် ၃,၀၀၀ မှ ၅,၀၀၀ကြား ရောင်းချနေရ၍ ယခင်တရုတ်နိုင်ငံသို့ ဆန်ရောင်းချနေ သည့် ကုန်သည်များ သကြားကို ပြောင်းလဲတင်ပို့ရောင်းချလာ ကြောင်း သိရသည်။

7 Day DAily

 


Leave a Reply