သမ္မတဟောင်း ဦးသိန်းစိန်အား Asia Cosmopolitan Awards ဆု နှင့်ပတ်သက်၍ERIA မှ Senior Communication Advisor လာရောက်တွေ့ဆုံမေးမြန်းမှုပြုလုပ်

 

မေးမြန်းရာတွင် ဆုရရှိမှုအပေါ်ခံစားမှု၊ သမ္မတတာဝန်မှအနားယူပြီး နောက် နေထိုင်ဆောင်ရွက်မှု၊ သမ္မတတာဝန်ထမ်းဆောင်စဉ် ထူးထူးခြား ခြား အမှတ်တရရှိနေခဲ့မှုများ စသည်ဖြင့် မေးခွန်းများမေးမြန်းမှုကို ရင်းနှီး ပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဆုကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် ပထမဆုံးဦးဆောင် အစိုးရ၏နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူခဲ့သည့်နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား အာရှ၏နိုဗယ်ဆုဟုခေါ်သောAsia Cosmopolitan Awards (ACA)ဆုကို ၂ဝ၁၇ ခုနှစ်တွင် ချီးမြှင့်ရန်အတွက်Economic Research Institute for ASEAN and East Asia က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆုကိုချီးမြှင့်ခံရသူ နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်သည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်များတွင် ကဏ္ဍ အလိုက်စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး အစိုးရ၏အုပ်ချုပ်မှုယန္တရားကို ဦးစီး ကိုင်တွယ်သည့်အခါတွင်လှိုင်းသုံးလှိုင်းဖြစ်သည့်စီးပွားရေးပြုပြင်ပြောင်းလဲ မှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုစသောကဏ္ဍကြီးသုံးရပ်ကို ဦးဆောင်ကိုင်တွယ်ဆောင်ရွက်နိုင် ခဲ့သူဖြစ်ပြီး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကြီးကို တရားမျှတစွာဖြင့် ပွင့်လင်းမြင်သာစွာကျင်းပပေးနိုင်ခဲ့ခြင်းနှင့် အုပ်ချုပ်မှုအာဏာကို လွှဲပြောင်း ပေးနိုင်ခဲ့ခြင်းကြောင့် အဆိုပါဆုကိုရရှိခဲ့ခြင်းဖြစ်သည်။ ယခင်က(ACA) ဆုကို နှစ်ကြိမ်သာချီးမြှင့်ခဲ့ဖူးပြီး ယခုတတိယအကြိမ်အဖြစ် နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ဆုချီးမြှင့်ပွဲအခမ်းအနား ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၄ရက်မှ ၁၆ရက်အထိ ဂျပန်နိုင်ငံ နာရာ မြို့တွင်ကျင်းပမည့် နာရာဖိုရမ်အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ် သည်။ အဆိုပါ Asia Cosmopolitan Awards (ACA)ဆုသည် Economic Research Institute for ASEAN and East Asia ၏ ပုံမှန်ပေး အပ်လေ့ရှိသော ဆုသုံးမျိုးထဲတွင်GrandPrize ဖြစ်ကြောင်း သိရသည်။

Union daily


Leave a Reply