ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ဆက်ဆံရေးကဏ္ဍတာဝန်ခံများတွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုနယ်မြေနှင့် မြို့နယ်ရှစ်မြို့နယ်မှ ပြည်သူ့ ဆက်ဆံရေးကဏ္ဍတာဝန်ခံများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင်ပြည်ထောင်စု နယ်မြေ ပြည်သူ့ဆက်ဆံရေးတာ ဝန်ခံ ဦးအောင်နိုင်ဦးနှင့် မြို့နယ် ရှစ်မြို့နယ် တာဝန်ခံများ တက် ရောက်ခဲ့ကြပြီး ပြည်သူ့ဆက်ဆံ ရေးကဏ္ဍ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် ယနေ့ နိုင်ငံရေး၊ စီးပွားရေး၊ဘာသာရေးနှင့် ပြည်သူ့ အသံတို့ကို ဂရုတစိုက်အလေးထား ဆောင်ရွက်ကြရန်၊ သိရှိကြားသိရ သည်များကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်သို့ တင်ပြသွားကြရန်၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် တွေ့ဆုံပွဲပြီးဆုံး ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)