သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်သစ္စာတာပေါ်သို့သဲအိတ်များဖြင့်တာဖို့ခြင်းဆောင်ရွက်

 

ရန်ကုန် သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မြို့နယ်ကော်မတီဝင် များ၊ ကြီးပွားရေးရပ်ကွက် ပါတီ ဥက္ကဋ္ဌနှင့် ပါတီအမာခံအင်အား ၅ဝတို့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက သင်္ဃန်းကျွန်းမြို့နယ် ကြီး ပွားရေးရပ်ကွက် ငမိုးရိပ်ချောင်း ထူးကဲဒီရေတက်မှုကြောင့် မြဝတီ ဘုန်းတော်ကြီးကျောင်းဘေးရှိ အောင်သစ္စာတာပေါ်သို့ ရေကျော် ဝင်ရောက်မှုမရှိစေရေးအတွက် သဲကားနှစ်စီးဖြင့်တာဖို့ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။ယင်းကဲ့သို့ ငမိုးရိပ်ချောင်းရေများ ကြီးပွားရေး ရပ်ကွက်အတွင်းသို့စီးဝင်မှုမှာနှစ်စဉ် နှစ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ယခုနှစ်မိုးရာသီတွင် အဆိုးရွားဆုံး အခြေအနေဖြစ်ပြီးရပ်ကွက်နေပြည် သူများမှ ရေကြီးမှုဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် သက်ဆိုင် ရာတာဝန်ရှိသူများမှ ခိုင်ခံ့ကောင်း မွန်သော ရေတာတမံတည်ဆောက် ပေးစေလိုကြောင်း ပြည်သူတစ်ဦး ထံမှသိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက် ရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် ရန်ကုန်တိုင်းပါတီ ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်း ရေးမှူး ဒေါ်ဇာခြည်လင်း၊ ကြီးပွား ရေးရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေး ကိုတို့က လိုအပ်သည်များကို ပံ့ပိုး ကူညီပေးခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)