မကွေးတွင် ပါတီလုပ်ငန်းစဉ်နှင့် မူဝါဒများရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယခုလ ၁၃ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့ပေါ်ကိုးရပ်ကွက်နှင့် အခြေစိုက်ခုနစ်ခုတို့မှ ပါတီဝင်များ စုစုပေါင်းအင်အား ၂၃ဝကျော်တို့ နှင့်တွေ့ဆုံ၍ ပါတီ၏လုပ်ငန်းစဉ် များ၊ မူဝါဒများကိုရှင်းလင်းဆွေး နွေးခဲ့သည်။ တက်ရောက်လာ သောပါတီဝင်များကလည်း ပါတီ ၏အားနည်းချက် အားသာချက် များ မိမိတို့ဒေသတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေမှန် များကို ပွင့်လင်းစွာတင်ပြကြ သည်။ တင်ပြချက်များအပေါ် ဗဟိုအတွင်းရေးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား ကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်း ခဲ့သည်။

သက်ချို(အောင်လံ)