ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့ကျေးရွာများအရောက်ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မင်း၏ ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန်ဒေါက်တာသိန်း ဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ် အတွင်း သွားလာရခက်ခဲသော ကျေးရွာများအရောက်ကျန်းမာရေး စောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူးအနောက်ခြမ်း သမဲ့ကျေး ရွာအုပ်စု ဥတိုကျေးရွာတွင် ပြည်ခိုင် ဖြိုးပါတီ ကျေးရွာခေါင်းဆောင် ဦးထွန်းအောင်၏နေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေးရွာများဖြစ်သော ကျွန်းသစ်ကျေးရွာ၊အောက်ကျောင်း ကျေးရွာ၊ နံသာချောင်း၊ ကြည်စု ကျေးရွာများမှ လူနာ၁၆ဝကို ကုသ ပေးခဲ့သည်။

ထိုသို့ကုသရာတွင် အများစု ကုသမှုမှာ သွေးတိုးရောဂါ၊ ဒူးနာ ရောဂါ၊အဆစ်အမျက်ကိုက်ခဲရောဂါ၊ ချောင်းဆိုးအဖျားရောဂါများ ဖြစ် ကြောင်း၊ အဆိုပါကွင်းဆင်းကုသ ရေးအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်(ကွမ်းခြံကုန်းပါတီ ဥက္ကဋ္ဌ)ဦးတင်လင်း၊ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဇင် ဟိန်း၊မြို့နယ်အနောက်ခြမ်းနယ်မြေ တာဝန်ခံဦးကိုကိုလွင်၊မြို့နယ်ကော် မတီဝင်များဖြစ်သော ဦးထွန်းစိုး၊ ဦးလှဆန်း၊ ဦးခိုင်ကျော်ဦး၊ကျေးရွာ အုပ်ချုပ်ရေးမှူးမန်းမောန၊ဥတိုကျေး ရွာရွာမိရွာဖများ၊ကျေးရွာရှိ ပြည်ခိုင် ဖြိုးပါတီဝင်များ၊ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်းဆေးကုသ ရေးအဖွဲ့ခေါင်းဆောင်ရန်ကုန်တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မင်း၏ ပြော ကြားချက်အရ သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)