သီ​ပေါတွင်​ မြိုနယ်​နှင့်​ ရပ်/ကျေးစည်းမှူးများ၏ လပါတ်​အစည်းအ​ဝေးကျင်းပ

 

သီ​ပေါမြို့နယ်​ ပြညိခိုင်​ဖြိုးပါတီရုံးခန်းမတွင်​ ၆.၁.၂၀၁၈ရက်နေ့ နံနက်​ (၀၉း၃၀) အချိန်​က ကျင်းပရာ ​ရှေးဦးစွာ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​​အောင်​က ၂၀၂၀ ပါတီ​အောင်​နိုင်​​ရေးအတွက်​ ပါတီဝင်​များအားလုံး ကြိုးပမ်း ဆောင်​ရွက်​သွားကြရန်၊​ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းစိန်​လင်းမှ နိုင်​ငံ​ရေးပါတီများ၏ သ​ဘောထား​ကြေညာချက်​စာတမ်း အား သိရှိလိုပ်​နာကျင့်​သုံးနိုင်​​ရေး ဘတ်​ကြား​ဆွေး​နွေးခဲ့ပြီး တက်​​ရောက်​လာကြ​သော ရပ်​/​ကျေးစည်​မှူးများက မိမိတို့နယ်​​မြေအလိုက်​ ရပ်​/​ကျေးအုပ်​ချုပ်​​ရေးမှူး ​ရွေးချယ်​ပြီးစီးမှုအ​ခြေအ​နေများနှင့်​ မြို့နယ်​ပါတီမှ ​ပေါင်းစပ်​ညှိနှိုင်းဆောင်​ရွက်​​ပေးရမည့်​ လုံခြုံ​ရေး၊ ရပ်​ရွာဖွံ့ဖြိုး​ရေးဆိုင်​ရာအ​ခြေအ​နေများကို ​ဆွေး​နွေးတင်​ပြကြပါသည်​။

ထို့​နောက်​ ဥက္ကဌမှ ပြည်​သူနှင့်​တစ်​တားတည်းဖြစ်သည့်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ဖြစ်​​အောင်​ ကျင့်​ကြံ​နေထိုင်​ကြပြီး ၂၀၂၀​ ​အောင်​နိုင်​​ရေးအတွက်​ မြို့နယ်​ /ရပ်​​ကျေး မခွဲခြားဘဲ စည်းလုံးညီညွတ်​စွာဆောင်​ရွက်​ရန်​ တိုက်​တွန်းအား​ပေးလို​ကြောင်း ​ပြောကြားပြီး၊ တက်​​ရောက်​လာကြသူများအား ၂၀၁၈ ပါတီပြက္ခဒိန်​များ ​ပေးအပ်​ပြီး၊ အခမ်းအနား ကို (၁၁း၀၀) နာရီအချိန်​တွင်​ ​အောင်​မြင်​စွာပြီး​မြောက်​​စေခဲ့ပါသည်​။ အ​စည်းအ​ဝေးသို့ ပြည်​နယ်​၊မြိုနယ်​နှင့်​ ရပ်​​/​ကျေးစည်းမှူး (၆၅) ဦး တက်​​ရောက်​ခဲ့ပါသည်​။

credit >>> aung aung