မီးဘေးသင့်မိသားစုအား ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ ဆေးကုသစရိတ်ထောက်ပံ့

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တောင်ပိုင်း ဇီးကုန်းကျေးရွာအုပ်စု သုံးခွရွာမှ မီးလောင်ကျွမ်းမှု ကြောင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသော မောင်ဖြိုးဝေအောင်မိသားစုအား ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဆေးကုသ စရိတ် ငွေကျပ်တစ်သိန်းကို ပါတီဗဟိုကော်မတီဝင် ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုးတို့က ကလေးဆေးရုံတွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)