ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးနှင့် ဥက္ကဌတာဝန်ပေးအပ်ပွဲအခမ်းအနား

 

15-5-2018 ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်အစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုခြင်း ၊ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ခဲ့ပါ သည်။
ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်အစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ အခမ်းအနားတွင် တိုင်းကော်မတီဝင် ဒေါ်သိမ့်သိမ့်အောင် ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုးသီဟ၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေးနှင့် နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးမျိုးလတ် ၊ ဦးသိန်းမြင့် ၊ ဦးခိုင်လင်း ၊ ဦးတင်ထွန်း ၊ ဦးကျော်ထိန် ၊ ဦးကျော်ခိုင် ၊ ဦးသန်းနိုင်ဦး ၊ ဦးစိုးလှိုင် ၊ အရံကော်မတီဝင် ဦးမင်းမင်းတို့ က ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ယခင်ပါတီစည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်လွှာနှင့် အမှတ်တရ မှတ်စုစာအုပ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်း ၊ အတွင်းရေးမှူး ဦးစိုးသီဟတို့မှ ပါတီစည်းရုံးရေးလုပ်ငန်းများ ရပ်ကျေးပါတီများ၏ ဆောင်ရွက်ရန်လုပ်ငန်းများ ရှင်းလင်းမှာကြားခဲ့ပါသည်။

Usdp Yedashe