ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် မြ၀တီပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၂၂) ရက် (၁၅၀၀) နာရီအချိန်က ဗဟိုအလုပ်အမှုဆောင် စီးပွားရေးတာဝန်ခံ ဦးသူရိန်ဇော်နှင့် ပါတီဝင်များ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့သည်။

14610876_321832621517261_1736333182794066972_n

တွေ့ဆုံရာသို့ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဌ ဦးစောမြင့်ဦး၊ ဗဟိုအလုပ် အမှုဆောင် ဒေါ်နန်းနီနီအေး၊ မြို့နယ်ပါတီအတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင် ဦးစန်းကိုနှင့် ဗဟိုကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်မှ ပါတီညီလာခံမှချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းဝေးဆုံးဖြတ်ချက်များ၊ ပါတီဝင်အားလုံးလိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွန်ချက်များကို အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြို့နယ်ပါတီဥက္ကဌဦးမြင့်ဦးမှ လုပ်ငန်းဆောင်ရွက်မှုအစိရင်ခံစာကို ဖတ်ကြားတင်ပြရာ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်မှ လိုအပ်သည်များ ဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး (၁၈၃၀) နာရီတွင် တွေ့ဆုံပွဲအခမ်း အနား ပြီးဆုံးကြောင်း သိရသည်။

# U Myint Oo

Leave a Reply