ဂွမြို့နယ်ပါတီ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ၏ လပတ်​ပုံမှန်အစည်းအ​ဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ ပြည်​နယ်​​ကော်​မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ ​ခရိုင်​နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံ​ကော်​မတီဝင်​များ၊ ရပ်​​ကျေး​ခေါင်း​ဆောင်​များ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ဒေါ်ခိုင်ဇင်ဦး (ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ) မှ ဗဟိုပါတီနှင့် ပြည်နယ်ပါတီ၏ လမ်းညွှန် ချက်များ၊ မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက်သွားရမည့် ပါတီလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီ၏ လုပ်ဆောက်ချက်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာ ကြသော မြို့နယ်ကော်မတီဝင်များ၏ တင်ပြလာမှုအပေါ် ဒေါ်ခိုင်ဇင်ဦးနှင့် ဦးမြင့်အောင်တို့မှ ပြန်လည်ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။

#ခိုင်မောင်ဌေး