ဂျူပီတာရဲ့ ဂြိုဟ်ရံလ ယူရိုပါမှ အာကာသအတွင်း ရေများပန်းထွက်

38a4d9f100000578-3808419-this-is-an-artist-s-concept-of-a-plume-of-water-vapour-thought-t-a-75-1474921777571

၂၀၁၃ ခုနှစ်မှာ ဟာဘယ်တယ်လီစကုပ်ဖြင့် လေ့လာမှုအရ ယူရိုပါမှာ ရေရှိနိုင်တဲ့ အခြေအနေကို သိပ္ပံပညာရှင် တွေက စတင်တွေ့ရှိခဲ့ထားခဲ့ပါတယ်။

ဂျူပီတာဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ယူရိုပါ (Europa) မှရေများ အာကာသအတွင်း ပန်းထွက်ကြောင်း နောက်ထပ် အထောက်အထားများ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ ဟာဘယ်တယ်လီစကုပ်ဖြင့် လေ့လာမှုအရ ယူရိုပါမှာ ရေရှိနိုင်တဲ့ အခြေအနေကို သိပ္ပံပညာရှင် တွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နောက်ထပ် အထောက်အထားတွေ တွေ့ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဟာဘယ်တယ်လီစကုပ်ရဲ့ တွေ့ရှိမှုအရ ယူရိုပါရဲ့ မျက်နှာပြင် အပေါ်ဘက် ၁၂၅ မိုင်အမြင့်အထိ ရေများ ပန်းထွက် ခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုတွေ့ရှိချက်ကြောင့် ယူရိုပါရဲ့ မြေအောက်မှာ သမုဒ္ဒရာတစ်ခုရှိနေပြီး သက်ရှိများ ရှင်သန်နေထိုင်နိုင်တဲ့ ယူဆချက်တွေ မြင့်တက်လာခဲ့ပါတယ်။

ယူရိုပါဟာ ဂျူပီတာဂြိုဟ်ရဲ့ ခြောက်ခုမြောက် အနီးဆုံး ဂြိုဟ်ရံလဖြစ်ပြီး နေအဖွဲ့အစည်းမှာ ခြောက်ခုမြောက် အကြီးဆုံး လတစ်စင်း ဖြစ်ပါတယ်။ ယူရိုပါဟာ နေမှ မိုင်ပေါင်း သန်း ၅၀၀ အကွာအဝေးမှာရှိကြောင်း သိရပါတယ်။

Source & Photo: NASA, Daily Mail


Leave a Reply