ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအသစ် ၂၉ ခု ထပ်မံသတ်မှတ်မည်

ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ အ မွေအနှစ်များထိန်းသိမ်းရေးကော်မတီသည် နောက်ထပ်သတ်မှတ်ပေးရမည့် ကမ္ဘာ့အမွေအနှစ်နေရာသစ် ၂၉ ခုအား အစ္စတန်ဘူလ် မြို့တွင် ဇူလိုင် (၁၀) ရက်မှ (၂၀) ရက်အတွင်း ကျင်းပမည့် အကြိမ် ၄၀ မြောက်အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဟု တူရကီအစိုးရ အရာရှိတစ်ဦးက ဇွန် (၂၇) ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

World

တူရကီ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုဝန်ကြီး နာဗီအဗ္ဗစီ

ဆက်လက်၍ အန္တရာယ်ရှိနေသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာ ၁၅၆ ခုအား ယူနက်စကို အစီအစဉ်ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဟု တူရကီ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုဝန်ကြီး နာဗီအဗ္ဗစီ က ပြောဆိုလိုက်သည်။

အသစ်သတ်မှတ်မည့်စာရင်းတွင် ကမ္ဘာတစ်ဝန်းသဘာဝအမွေ အနှစ်ကိုးခု ၉၃၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ၁၆ ခုနှင့် သဘာဝနှင့် ယဉ်ကျေးမှုရောနှော အမွေအနှစ် လေးခုတို့ ပါဝင်မည်ဖြစ်သည်။


ကော်မတီသည် ဆီးရီးယား နှင့်အီရတ်နိုင်ငံများတွင် ယဉ်ကျေး မှုဆိုင်ရာအမွေအနှစ်ပစ္စည်းများကို မှောင်ခိုရောင်းဝယ်မှုများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

တူရကီယဉ်ကျေးမှုနှင့် ခရီးသွား လာရေးဝန်ကြီးအဗ္ဗစီက ဆီးရီးယား တွင် တူရကီနိုင်ငံမှတစ်ဆင့် တရား မ၀င်ဖြတ်ကျော်ကူးသန်းရောင်းဝယ် မှုပြုလုပ်နေသော ရှေးဟောင်းပစ္စည်း များစာရင်းကိုလည်းပြုစုကာ အစည်း အဝေး၌ တင်ပြမည်ဖြစ်သည်။

“မှောင်ခိုရှေးဟောင်းသမိုင်းဝင် ပစ္စည်းများကို စာရင်းပြုစုထားပြီး ပြတိုက်တွေ၊ ရှေးဟောင်းပစ္စည်းစု ဆောင်းသူများနဲ့ အကောက်ခွန်ဌာန များကို သူတို့တွေသတိထားထိန်း သိမ်းနိုင်ဖို့ စာရင်းပေးပို့ထားပြီးဖြစ်ပါ တယ်” ဟု ၎င်းပြောကြားလိုက် သည်။

Democracytoday


Leave a Reply