Google Keyboard တွင် ဒီဇိုင်းအသစ်များထည့်၍ သုံးနိုင်မည်

Android စမတ်ဖုန်းများတွင် နဂိုပါဝင်ပြီးဖြစ်သော Google Keyboard အားအရောင်အသွေးစုံသော Theme များ ထည့်သွင်း၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

google keyboard

ယခုကဲ့သို့ Theme များထည့်သွင်းအသုံးပြုနိုင်ရန် Google Keyboard အား နောက်ဆုံးအဆင့်အထိ Play Store တွင်အဆင့်မြှင့်တင်ရမည်ဖြစ်ပြီး ထပ်မံအသုံးပြုလိုသော Keyoboard ဒီဇိုင်းနှင့် Theme များကို Google Keyboard အတွင်းမှ ဒေါင်းလုပ်ပြုလုပ်ရမည်ဖြစ်သည်။

အဆိုပါ Theme များတွင် အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ပန်းရောင် နှင့် အနက်ရောင်တို့အား အသီးသီး ရွေးချယ် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

Google Keyboard သည်ဘာသာစကားအများအပြားအား ဒေါင်းလုပ်ပြုလုပ်၍ ထည့်သွင်းအသုံးပြုနိုင်ပြီး ယင်း Keyboard ကို စတင်ထုတ်လုပ်စဉ်ကတည်းက မီးခိုးရောင်နှင့် အနက်ရောင် နှစ်မျိုးသာ ရွေးချယ်အသုံးပြုနိုင် ခဲ့ကြောင်း သိရသည်။

ယင်း Key board ကို Android 5.1 နှင့် အထက် အသုံးပြုထားသော စမတ်ဖုန်းနှင့် တက်ဘလက်များတွင် အသုံးပြုနိုင်ပြီး Android N အသုံး ပြုထားသော Devices များတွင် တိုက်ရိုက်အသုံးပြုနိုင်ကြောင်းသိရသည်။

iOS တွင် အသုံးပြုသော Google keyboard ၌ အဆိုပါ Theme ဝန်ဆောင်မူအား အသုံးမပြုနိုင်သေးကြောင်း The Verge သတင်းဌာနတွင် ဖော်ပြထားသည်။

Democracytoday


Leave a Reply