သင့်ဖုန်းထဲက ငွေတွေကို ခိုးယူမယ့် Malware ပါတဲ့ Android App (၁၁) ခု

Fleckpe အမည်ရ Malware အသစ် ၁ ခုကို Google Play Apps တွေမှာ တွေ့ခဲ့ရပြီး အဲဒီ App တွေကို ဒေါင်းလုပ်လုပ်ထားတဲ့ အရေအတွက်ဟာ ၆ သိန်းကျော်ရှိနေပါပြီ။ Fleckpe ဟာ အဆင့်မြင့် Malware ဖြစ်ပြီး ဖုန်းထဲက ငွေတွေကို ခိုးယူနိုင်ပါတယ်။
နာမည်ကြီး ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ Kaspersky က Fleckpe ကို မကြာခင်က စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီး အရင်နှစ်ကတည်းက အဲဒီ Malware ရှိနေတာလို့ ပြောပါတယ်။ အဲဒီအတွက် လူများစွာထံက ငွေများစွာကို ခိုးယူပြီးလောက်ပြီလို့ ထင်ရပါတယ်။ ခိုးယူခံရသူအများစုဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ပိုလန်က ဖြစ်ပြီး အဲဒီ Malware ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။
Fleckpe ပါတဲ့ App တွေကိုအောက်မှာ လေ့လာနိုင်ပြီး သင့်ဖုန်းမှာ အဲဒီ App တွေ ထည့်ထားရင် အမြန်ဆုံး ဖျက်ပစ်သင့်ပါတယ်။
• Impressionism Pro Camera
• GIF Camera Editor Pro
• HD 4K Wallpaper
• Fingertip Graffiti
• Microclip Video Editor
• Beauty Camera Plus
• Beauty Photo Camera
• Beauty Slimming Photo Editor
• Photo Camera Editor
• Photo Effect Editor
• Night Mode Camera Pro
Ref : gizchina / digital times