ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ် (၁၁၅) အိတ် ပံ့ပိုးလှူဒါန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ကော်မတီဝင် ဦးရှာမွေလှရှဲန်နှင့် ဒေါ်နန်းနော်တို့သည် ဒီဇင်ဘာ (၁၀) ရက်နေ့က ရပ်ကွက်(၁) ရှဲန်မိန်းရွာတွင် ကွန်ကရစ်လမ်းခင်းနေရာသို့ သွားရောက်ကြည့်ရူ အားပေးခဲ့ပြီး မြို့နယ်ပါတီရံပုံငွေဖြင့် ဘိလပ်မြေ (၁၁၅) အိတ် ပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ


တာချီလိတ်ခရိုင်/မြို့နယ်ပါတီ လပတ်ပုံမှန်စည်းဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ (၂၉) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်နှင့်မြို့နယ်ပါတီမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးပြီး လိုအပ်ချက် များအပေါ် ဗဟိုပါတီကော်မတီဝင် များဖြစ်သည့် ဦးရှာမွေလရှဲန်၊ ဦးဝီလ်ဆင်မိုးတို့မှ အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအတွက် ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ အလှူငွေ ဘတ် (၁)သောင်း မတည်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အလှူငွေများလှူဒါန်း

taunggyi

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းနှင့် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးခွန်သိန်းမောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဆိုင်နွမ်း၊ ဒေါ်ဝါဝါထွေးတို့လိုက်ပါလျက် နိုဝင်ဘာလ (၁၈) ရက် နံနက် (၉) နာရီအချိန်က အမျိုးသမီးနှင့်ကလေးဆေးရုံတွင် တက်ရောက်ဆေးကုသနေသော အဆုတ်ဝေဒနာရှင် မောင်ထွန်းဇော် နှင့် ကင်ဆာရောဂါဝေဒနာရှင် မောင်ဝေလင်းကျော်တို့အတွက် ဆေးကုသရန်စရိတ် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂ဝဝဝဝ ကို လူနာရှင်မိဘများထံ လက်ရောက်ပေးအပ်လှူဒါန်းပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

14908177_1293301350709678_1357953349749941279_n

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစဲကီကော်၊ မိုင်းခတ်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဝီလျှံနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရေးကော်မတီအဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော်ရံပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းခတ် မြို့တွင်း လမ်း ၄လမ်း ကွန်ကရစ်ခင်းခြင်း၊ ကျောက်စီရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများအား နိုဝင်ဘာ (၁) ရက်နေ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင်ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း (မြို့နယ်ဘဏ္ဍာရေးမှူး) ဦးစိုးကျော်အောင်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်၊ ဦးဘိုဘိုမောင်တို့သည် အောက်တိုဘာ (၂၆) ရက် နံနက် (၉) နာရီခွဲအချိန်က တာချီလိတ် ခရိုင်/မြို့နယ်ပါတီရုံး၌ ပုန်းထွန်၊ ၀မ်ကောင်း၊ မကာဟိုခမ်းရပ်ကွက် ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိပ်များကို ရပ်ကွက်အလိုက် ဖွဲ့စည်းမည့် ပါတီကဏ္ဍများကို ဆွေးနွေးခဲ့သည်။

14856167_692837807558451_3590120121914683424_o

(more…)


အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ပါတီဝင်လူငယ်များ ပါဝင်ဆင်နွှဲ

(၂၅-၁၀၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၆-ခုနှစ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား) ကလပ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ် များနှင့် ပါတီအပေါ် စိတ်ဝင်စားသည့်လူငယ်များမှ စုဖွဲ့၍ Lion Fc အမည်ဖြင့် အသင်းတစ်သင်းအဖြစ်ပါဝင်ကစားသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် NGWE KYAL PHYO CO;LTD Nearamit Contraction ကုမ္ပဏီတို့မှ အသင်းကို Sponsor ပေးထားကြောင်း သိရသည်။

phuse1

(more…)


တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ မိုင်းဖုန်း(က)အုပ်စု၊ ဆမ်ဖူးရွာဘုန်းတော်ကြီးကျောင်း ကထိန်အလှူပွဲ ပါဝင်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော် သံဃာတော်များနှင့်အတူ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်မှ ဦးဆောင်၍ အမျိုးသမီး(၃၀)ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းလုံထီး၊ မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးစိုင်းအောင်မြတ်နှင့် ပါတီလူငယ်အဖွဲ့ တို့သည် အောက်တိုဘာ (၂၄) ရက် နံနက် (၉) နာရီက မိုင်းဖုန်း(က)အုပ်စု၊ ဆမ်ဖူးဘုန်းတော်ကြီးကျောင်း ကထိန် အလှူကောင်းမှုကုသိုလ်ပြုရန် ထွက်ခွာခဲ့ကြသည်။

14712542_691611887681043_5687175727530920961_o

(more…)


ပြည်နယ်ပါတီကော်မတီဝင် မိုင်းကိုးအုပ်စုနှင့် တာလေမြို့မှ ပါတီခေါင်းဆောင်များနှင့် ကွင်းဆင်းတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်း(အရှေ့) ပြည်နယ်ကော်မတီဝင် ဦးဝီလ်ဆင်မိုး သည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ပါတီကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးသောင်းကျော်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်နှင့် ပါတီလူငယ်အဖွဲ့၊ ပါတီအမျိုးသမီးအဖွဲ့ အင်အား (၂၀) ဦးတို့နှင့်အတူ အောက်တိုဘာ (၂၂) ရက်က မိုင်းကိုးအုပ်စု၊ ရန်ရှင်း(၄)ရွာနှင့် ရွာအနီးရှိ ရွာများ၊ တာလေ မြို့နယ် ရန်အောင်ရွာနှင့် ရွာအနီးရှိရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံရန်နှင့် ကျေးရွာကောက်သစ်စားပွဲများသို့ တက်ရောက်ရန် သွားရောက်ခဲ့ပါသည်။

14712692_1283732148333265_3434105053694718859_o

(more…)


ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကျိုင်းလပ်မြို့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

14612381_683304808511751_7605230654991328917_o

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းသည် (၁၀-၁၀-၂၀၁၆) ရက်နေ့တွင် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ ဦးလုတေ၊ ပါတီအမျိုးသမီးအဖွဲ့ဝင် ဒေါ်နာလောဘိုတို့သည် ကက်သလစ်သာသနာဘုရားကျောင်းများသို့ အရိပ်ရချယ်ရီပန်းအလှပင် (၂၀၀) လှူဒါန်း ရန်နှင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကျိုင်းလပ်မြို့နယ်သို့ ကွင်းဆင်းသွားရောက်ခဲ့သည်။ (more…)


ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

14572983_1271779179528562_7210017794048370055_n

ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ  ဦးစိုင်းသန်းဝင်း သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ သွားရောက်ခဲ့ပြီး မြို့နယ်များမှ ပါတီကော်မတီများနှင့် တွေ့ဆုံခြင်း၊ ပါတီလုပ်ငန်းစဉ်များ ညှိနိုင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ် လွိုလင်ခရိုင်၊ နမ့်စန်၊ လွိုင်လင် စသည့် မြို့များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။