အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ စိုက်ပျိုးပြီးသစ်ပင်များထိန်းသိမ်းစောင့်ရှောက်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ အရှေ့ပိုင်းခရိုင်မှ လူငယ်တာဝန်ခံများ        စုပေါင်း အင်အား ၈ဝ သည် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒဂုံအရှေ့ ပိုင်းမြို့နယ် ကျန်စစ်သားလမ်းမဝဲယာတစ်လျှောက် စိုက်ပျိုးပြီး ခရေပင်အပင် ၁ဝဝဝ အားရေရှည်အပင်ရှင်သန်ကြီးထွားစေရန်နှင့် သဘာဝအပူဒဏ်ကာကွယ်စေရန် တတိယအကြိမ် မြက်နုတ်၊ ပေါင်းသင်ခြင်းလုပ်ငန်များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပ/လ/ရ ရပ်ကွက်ကြူစမ်းရွာသစ် ဂရုဏာ(၁) လမ်းနေ ပြည်ခိုင်ဖြိုးပါတီဝင်ဒေါ်မြသီး ၏ နာရေးသို့ စက်တင်ဘာ ၂၉ ရက် နံနက်က  မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့ နယ် ကော်မတီဝင်များသွားရောက်၍ ကူညီငွေကျပ်နှစ်သိန်းကို ပေးအပ်ခဲ့ ကြကြောင်း သိရသည်။

ဝင်းသန်း(မင်္ဂလာဒုံ)


သံဃာ့နာယကဆရာတော်များအား လှည်းကူးပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆက်ကပ်လှူဒါန်း

 

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ လှည်းကူးမြို့နယ်သံဃာ့နာယက အဖွဲ့က ကြီးမှူးကျင်းပသော ဂိုဏ်း ပေါင်းစုံသံဃာ့နာယက ဆရာတော် များနှင့် ဝိနည်းဓိုရ်ဆရာတော်များ စုစုပေါင်းသံဃာအပါး ၂ဝဝ နှင့် ရတနာ့ဗိမာန်ပရိယတ္တိစာသင်တိုက် ကျောင်းရှိသံဃာများအား ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးကော်မတီဝင်  ဦးခင်မောင်တင့်ဦးဆောင်၍ လှည်း ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြတ်သူ၊ အတွင်းရေးမှူး ဦးကျော်စိုးဝင်းနှင့် မြို့နယ်ကော် မတီဝင်များ၊ စည်းမှူး၊ စည်းကော် မတီဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှုတ်မှုစွမ်းရည်သင်တန်းအမှတ်စဉ်(၁)ဖွင့်

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပ ပြုလုပ်သော နှုတ်မှုစွမ်းရည် သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ကော် မတီဝင် ဦးမျိုးဇော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးစိုးမင်း၊ အတွင်းရေးမှူး ဦးမျိုးမင်းနိုင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်း သူများ တက်ရောက်ပြီး မြို့နယ် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ် ခဲ့ကြကြောင်း သိရသည်။

အနောက်ပိုင်းခရိုင်လူငယ်အဖွဲ့ဓမ္မစင်္ကြာသုတ်ရွတ်ဖတ်ပူဇော်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီ လူငယ်လှုပ်ရှားမှုအဖြစ် ယမန်နေ့ ညနေ ၄ နာရီခွဲ၌ ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ အနောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ အနောက်ပိုင်းခရိုင် ၁၃ မြို့နယ်မှ မြို့နယ်၊ ရပ်ကွက်ပါတီကော်မတီဝင်များစုပေါင်း၍ လူငယ်လှုပ်ရှားမှုအနေဖြင့် ခရိုင်ပါတီရုံးတွင် ဘုရားကန်တော့ခြင်း၊ ဓမ္မစင်္ကြာသုတ် ရွတ်ဖတ် ပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)

တိုင်းဒေသကြီးပါတီကော်မတီဝင်နယ်မြေကွင်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တိုင်းပါတီကော်မတီဝင်၊ မြို့နယ်တာဝန်ခံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည်ယနေ့နံနက် ၁ဝ နာရီ တွင် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင် များနှင့်တွေ့ဆုံပြီးပါတီ ရှေ့လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုး Youth day လှုပ်ရှားမှုသန့်ရှင်းရေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးစုပေါင်း၍ Youth day လှုပ်ရှားမှုအနေဖြင့် ခနောင်တိုအရှေ့ရပ်ကွက် သာသနရက္ခိတကျောင်းတိုက် အောင်ချမ်းသာဆုတောင်းပြည့်စေတီဝင်းအတွင်း မြက်ရိတ်ခြင်း၊ ကန်ဆယ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများအား ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

ဝင်းမြင့်ဦး(ဆိပ်တို)


ရန်ကုန်တောင်ပိုင်းပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်ဆိမ်းလောင်းလှူပုဇော်

 

ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၄း၃၀)အချိန်တွင် ခရိုင် ပါတီကော်မတီဝင် လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေသည် သန်လျင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းနှင့်ကော်မတီအဖွဲ့များ၊ရပ်ကျေးပြည်ခိုင်ဖြိုးအဖွဲ့များနှင့် အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မြို့ဟောင်းအရှေ့ရပ်ကွက် ဇီးကုန်းနယ်မြေ ကြာသပတေးဓမ္မာရုံသို့ သွားရောက်ပြီး ကျောင်းတိုက်ပေါင်း (၁၅)ကျောင်းမှ ဆရာတော်သံဃာတော်(၇၃)တို့ အား နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျဖြစ်သော အာရုံဆွမ်း|အထိုင်ဆွမ်းများ ဆပ်ကပ်လောင်းလှူ ဖူးမြော်ကြည်ညိုခြင်း၊လှူ ဖွယ်ဝတ္တုများဆပ်ကပ်လှူ ဒါန်းခြင်းနှင့် လှူ ဒါန်းမှုအစုစုတို့ကို သာဓုခေါ်ဆို၍ ရေဆက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

သန်လျင်ပြည်ခိုင်ဖြိုးဘုန်းတော်ကြီးကျောင်းများသို့ဝတ္ထုငွေနှင့်အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ နှင့်သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီအဖွဲ့များ အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မင်္ဂလွန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပြည်တော်သာ ကျေးရွာများသို့ ယမန်နေ့ကသွားရောက်ပြီး ဆရာတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်ကြားနေသော ကလေးငယ်များအား အာဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်၍ကျေးရွာများရှိ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၁၂နာရီခွဲက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်နှစ်ခုမှ ခရိုင်နှင့်မြို့နယ် ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် အတွင်းရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့   နယ်ပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။