ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲရေစက်ချမင်္ဂလာကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံ ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အတွင်းရေးမှူး ဦးစိုးသိဏ်း၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များစုပေါင်း၍ ကွမ်းခြံကုန်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း၊ သီလရှင်ငါးကျောင်းတို့မှ သံဃာတော်နှင့် သီလရှင် အပါး ၅ဝဝကျော်တို့အား ယမန်နေ့ နံနက် ၅နာရီက ဝါတွင်းကာလ တတိယ အကြိမ် အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် ယနေ့နံနက် ၁ဝနာရီခွဲက နိုင်ငံရေးပါတီ များ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင် ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေ အနေများနှင့်စပ်လျဉ်း ၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ၊ မြန်မာနိုင်ငံသားဥပဒေ စသည့် အကြာင်းအရာများ၊ ကိုဖီအာနန်ကော်မရှင်နှင့် ယင်းကော်မရှင်၏ အစီရင်ခံစာ အကြောင်း အရာများအပေါ် ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများတွေ့ဆုံမှုအပေါ် သတင်းစာရှင်းလင်း

 

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက် ၁ဝနာရီက နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ မှုအပေါ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။

နိုင်ငံကိုတာဝန်ယူသည့်အစိုးရဆိုလျှင် နိုင်ငံသားတိုင်းရင်းသားများ၏အရေးကို ဦးစားပေးရမည်

 

မြန်မာနိုင်ငံကို တာဝန်ယူသည့်အစိုးရဆိုလျှင် မြန်မာနိုင်ငံသားတိုင်းရင်းသားများ၏ အရေးကို ဦးစားပေးရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြား သည်။ ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ‘အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ’အခမ်းအနား၌ နိဂုံးချုပ်     စကားပြောကြားရာတွင် ဦးသန်းဌေးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဓမ္မစကူးလ်ကျောင်းသို့ အလှူငွေနှင့် အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အလယ်ရွာကျေးရွာ ရတနသိဒ္ဓိကျောင်းတိုက်၌ ဖွင့်လှစ် သော ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲတွင် ခရမ်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ယနေ့နံနက်က ရတနသိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒကအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး ဓမ္မစကူးလ်သင်တန်းကို တစ်နေ့တာ အာဟာရဒါနအတွက် အလှူငွေကျပ် တစ်သိန်းတိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဇော်ဦး(ခရမ်း)


ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၃၉)ကြိမ်မြောက်သွေးလှူဒါန်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ အရေးပေါ်သွေး လိုအပ်လျက်ရှိသော လူနာများသွေးအခက်အခဲမရှိစေရေးအတွက် ရန်ကုန် အမျိုးသားသွေးလှူ       ဘဏ်တွင် ဒါန ဥပပါရမီမြောက် စဉ်ဆက်မပြတ် သွေးလှူဒါန်းခဲ့ကြရာ ယနေ့ နံနက် ၉နာရီက (၃၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသ ကြီးအနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လာရောက် သွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များရန်ကုန်မြောက်ပိုင်းခရိုင်ရေးရာကော်မတီဝင် များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်နှင့် ခရိုင် အတွင်းရှိ မြို့နယ်များမှ ရေးရာကော်မတီများ အလိုက် တာဝန်ရှိသူများတွေ့ဆုံပွဲအားယမန်နေ့ (စနေနေ့)တွင် ကျင်းပခဲ့ သည်။ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊ဗဟိုကော်မတီဝင်ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ် ပါတီ များမှ ပါတီဥက္ကဋ္ဌများ၊ ရေးရာကော် မတီအလိုက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုအပေါ် သတင်းစာ ရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ခွဲ ပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပ ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့်ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲမှ ကောက်နုတ်ချက်များ

 

တောင်ဥက္ကလာပြည်ခိုင်ဖြိုး အရုဏ်ဆွမ်းလောင်းလှူ

တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်လုံးချမ်းသာ ပရဟိတလူငယ်များမှ တောင်ဥက္ကလာပမြို့နယ် ကျောင်းတိုက် ၁ဝ တိုက်မှ သံဃာတော်အပါး ၁၉ဝအား (၉)ရပ်ကွက် သူရ (၂)လမ်းမ ပေါ်ရှိ ဆွမ်းလောင်းဓမ္မာရုံတွင် စက်တင်ဘာ ၅ရက် နံနက် ၄ နာရီခွဲတွင် အရုဏ်ဆွမ်းလောင်းလှူကြကြောင်း သိရသည်။

စိန်ဝင်းနိုင်