ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၃၉)ကြိမ်မြောက်သွေးလှူဒါန်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ အရေးပေါ်သွေး လိုအပ်လျက်ရှိသော လူနာများသွေးအခက်အခဲမရှိစေရေးအတွက် ရန်ကုန် အမျိုးသားသွေးလှူ       ဘဏ်တွင် ဒါန ဥပပါရမီမြောက် စဉ်ဆက်မပြတ် သွေးလှူဒါန်းခဲ့ကြရာ ယနေ့ နံနက် ၉နာရီက (၃၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသ ကြီးအနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လာရောက် သွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမှဗဟိုကော်မတီဝင် ဦးတင်ဝင်း နှင့်ဦးတင်လှိုင်၊ ရန်ကုန်တိုင်းဒေသ ကြီးအနောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ အရန် ဗဟိုကော်မတီဝင် ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်၊ ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်နှင့် ကော်မတီဝင်များ၊မြို့နယ်ဥက္ကဋ္ဌများ သွေးလှူဒါန်းမည့် ပါတီဝင် ၂ဝဝ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ဗဟိုကော်မတီဝင်ဦးတင်ဝင်းက သွေးလှူရှင်များ၏စေတနာ၊ ကျန်းမာရေး အတွက် နေထိုင်စား သောက်မှုနှင့်သွေးလှူဒါန်းမှုသမိုင်း ကြောင်းတို့ကိုရှင်းလင်းပြောကြားပြီး သွေးလှူဘဏ်မှလက်ထောက်ညွှန် ကြားရေးမှူးဒေါက်တာသန့်ဇင်မင်းက ကျေးဇူးတင် စကားပြန်လည် ပြောကြားကာ သွေးလှူရှင်များ အားလှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)