ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် တွေ့ဆုံအားပေး ဆန်အိတ်များထောက်ပံ့

 

မောင်တောခရိုင်အတွင်းအစွန်း ရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ စားသောက်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီဗဟို ကော်မတီဝင်၊ နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှက ယာယီကယ်ဆယ် ရေးစခန်းများသို့ သွားရောက်ကာ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား များပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်များနှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးနှင့် ရွှေပြည်တော်ဆုံမှတ်အဖွဲ့ ကူညီထောက်ပံ့ ရေးကိစ္စ ဆွေးနွေး

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၁၇း၀၀) နာရီအချိန်တွင် ပြည်နယ်ပါတီရုံးအစည်းအဝေး ခန်းမ၌ ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာစန်းရွှေနှင့်ဗဟိုဌာနချုပ် နိုင်ငံရေးနှင့်        တိုင်းရင်း သားရေးရာကော်မတီဝင် ဦးထွေးလှ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့တို့နှင့်တွေ့ဆုံကာ အကြမ်းဖက်ခံရ၍ တိမ်ရှောင်လာကြသော ရခိုင်တိုင်းရင်းသားလူမျိုးစုများအား     ကူညီပံ့ပိုးပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

စစ်တွေ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ သည် ယခုလ ၁ ရက် နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးတွင် စစ်တွေမြို့ပေါ်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ကိုးပါးအား ပင့်ဖိတ် ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများအား ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီက လိုအပ်သည့်ပစ္စည်းများ တတ်နိုင်သလောက်ကူညီထောက်ပံ့သွားမည်ဟု ဒေါက်တာစန်းရွှေ ပြောကြား

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ       ဒေသခံရခိုင်တိုင်းရင်းသားများ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး ၄င်းတို့ယာယီတည်းခိုရာနေရာများတွင် စားနပ်ရိက္ခာများနှင့်ဆေးဝါးပစ္စည်းများအစရှိသည် များအား လိုအပ်လျက်ရှိရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီမှတတ်နိုင်သလောက်ထောက် ပံ့ကူညီသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောကြား   လိုက်သည်။

မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀.၈ .၂၀၁၇ရက်နေ့ မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရပ် / ကျေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀. ၈ .၂၀၁၇ ရက်နေ့ နေ့လည် ၁၂:၀၀နာရီချိန်တွင် ပါတီရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အဆိုပါ အစည်းဝေးသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်တာဝန်ခံ ဦးဦးဘသိန်း၊ မြို့နယ်ဥက္ကဌ ဦးအောင်စောသန်း၊ မြို့နယ်အတွင်းရေးမှူး ဦးကိုသန်းရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ ရပ်/ကျေး ကော်မတီဝင်များ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ပါသည်။

ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုလ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သံဃာတော်သုံးပါး ပင့်ဖိတ်ခဲ့ပြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးလှထွန်းဖြူနှင့် မြို့နယ်ပါတီရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘထီး၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ပြည်နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ် ပြုလုပ်လျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၉ ရက် နေ့ နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးအစည်း အဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ မီဒီယာသင်တန်းဖွင့်လှစ်

 

၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၉း၀၀ အချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အောက်ထပ်၌ သတင်းမီဒီယာသင်တန်းဖွင့်ပွဲ အခမ်း အနားတစ်ရပ် ကျင်းပခဲ့သည်။

သံတွဲပါတီမိသားစုဝင်များ ကျန်းမာရေးအတွက် မြို့နယ်ပါတီမှ ထောက်ပံ

 

(2.8.2017) နေ့ မွန်းလွဲ (3:00) နာရီအချိန် သံတွဲခရိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ် ပါတီဝင်များ၊ အမျိုးသမီးရေးရာ တာဝန်ခံများ ပူးပေါင်း၍ အံတော်ကျေးရွာမှ လူငယ်ပါတီဝင် ကိုအောင်ကို ဝင်း၊ အမျိုးသမီးရေးရာပါတီဝင် မချိုမီထွန်းတို့၏ မိခင်ဒေါ်မနီအား ကျန်းမာရေး ထောက်ပံ့ငွေ (၃) သောင်းကျပ်နှင့် နန်းချောင်းကျေးရွာ ပါတီအတွင်းရေးမှူး ဦးမင်းမင်းဦးသားအတွက် အာဟာရဓါတ်စာများ ပေးအပ် လှူဒါန်းခဲ့သည်။

စစ်တွေခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ကွန်ပျူတာသင်တန်းသို့ အလှူငွေများလှူဒါန်း

 

ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။