နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများအား ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီက လိုအပ်သည့်ပစ္စည်းများ တတ်နိုင်သလောက်ကူညီထောက်ပံ့သွားမည်ဟု ဒေါက်တာစန်းရွှေ ပြောကြား

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ       ဒေသခံရခိုင်တိုင်းရင်းသားများ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး ၄င်းတို့ယာယီတည်းခိုရာနေရာများတွင် စားနပ်ရိက္ခာများနှင့်ဆေးဝါးပစ္စည်းများအစရှိသည် များအား လိုအပ်လျက်ရှိရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီမှတတ်နိုင်သလောက်ထောက် ပံ့ကူညီသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောကြား   လိုက်သည်။

”ယာယီစခန်းတွေမှာ လိုအပ် တဲ့အရာတွေကိုပဲ ဦးစားပေး ထောက်ပံ့သွားမှာပါ။ ဥပမာ စခန်း တစ်ခုမှာ ဆန်တွေရှိတယ်ဆိုရင် ဘာတွေလိုအပ်လဲ ဆီလား၊ ဆေး ဝါးလားဆိုတာမျိုးပေါ့။     အစကတည်းကလည်း သက်ဆိုင်ရာမြို့ နယ်ပါတီတွေအနေနဲ့ မိမိတို့ မြို့နယ်မှာရှိတဲ့ ယာယီ စခန်းတွေဆီသွားပြီးတော့ ကနဦးကူညီမှုတွေ လုပ်ဆောင်ထားတာတွေလည်းရှိပြီးသားဖြစ်ပါ တယ်။ အခုဟာ ယာယီစခန်းတွေမှာထပ်ပြီးတော့ လူဦးရေတိုးလာတာကြောင့် ထပ်မံကူညီ ထောက်ပံ့မှုတွေလုပ်ဖို့ စီစဉ် တာဖြစ်ပါတယ်”ဟု ဒေါက်တာစန်းရွှေက ကူညီထောက်ပံ့ပေး         မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ပြောကြားသည်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများမှာ မိမိတို့အနီးအနားရှိခိုလှုံရာဖြစ်သော ဘုန်းကြီး ကျောင်းများ၊ တပ်စခန်းများသို့သွားရောက်ခိုလှုံနေကြပြီး တချို့မှာ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့များ သို့ အမြန်ရေယာဉ်များဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုရောက်ရှိလာကြောင်း သိရသည်။

ယင်းကဲ့သို့ အစီအစဉ်များ လုပ်ဆောင်ရန်အတွက် ယမန်နေ့ က ပြည်နယ်ပါတီရုံးမှ ဗဟိုအလုပ် အမှုဆောင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်မောင်အုန်း၊ ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ တွေ့ဆုံကာ နယ်မြေအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင်နယ်မြေဒေသအသီးသီးက အခြေအနေတို့ကို မိမိတို့ဒေသသားတွေသာ မည်သို့လုပ်ဆောင် ရမည်ကိုသိမည်ဖြစ်ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌများ၏ တင်ပြလာချက်များ အပေါ် လိုအပ်သည့် လမ်းညွှန်ချက် များကို လမ်းညွှန်မှာကြားခြင်းသာ ဖြစ်ကြောင်း သိရသည်။

”အခုအချိန်ထိ လူဦးရေကိန်း ဂဏန်းက မတည်ငြိမ်သေးဘူး။ လူဦးရေတွေများလာတုန်းပဲ ဆိုတော့ ဘယ်နေရာမှာ ဘာပစ္စည်းတွေကို ဘယ်လောက်လှူမယ်၊ ဘာတွေလှူမယ် ဆိုပြီးတော့မှ သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ဖြစ်လာတဲ့အခြေအနေပေါ်မှာပဲ ဘယ်လိုမျိုးတွေ လုပ်ဆောင်သွား မယ်ဆိုတာကို လုပ်ရမှာဖြစ်ပါတယ်။ အခုတော့ လမ်းတွေက လည်း သွားလို့လာလို့ မလွယ်ကူသေးဘူးဆိုတော့ ကူညီထောက်ပံ့ရေးကိစ္စတွေဟာ အချို့ နေရာမှာ နှောင့်နှေးနေပါတယ်”ဟု ဒေါက်တာစန်းရွှေက ပြောသည်။

ယင်းကဲ့သို့ အနယ်နယ်အရပ်ရပ်ရှိ နေရပ်စွန့်ခွာထွက်ပြေးလာသူများအား သက်ဆိုင်ရာမြို့နယ် ပါတီများအနေဖြင့် ကူညီထောက်ပံ့မှုများအား လုပ်ဆောင်ထားရှိကာ ပဋိပက္ခဖြစ်ပွားပြီး မကြာမီအတွင်း ဘူးသီးတောင်ပြည်ခိုင်ဖြိုးပါတီရုံးသို့ လာရောက်ခိုလှုံကြသူများမှာ ယခုအထိ လူဦးရေ ၁ဝဝ ခန့်ထိ ရှိလာပြီဖြစ်ရာ ပြည်နယ်ပါတီအနေဖြင့် ကူညီထောက်ပံ့ရေး အစီအမံ များကို     လမ်းညွှန်မှုများပေးကာ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

”ကိုယ့်ရခိုင်တိုင်းရင်းသားတွေ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့နေရတာမြင်တော့ ရခိုင်တိုင်းရင်း သား တစ်ယောက်အနေနဲ့ အရမ်းပဲစိတ် မကောင်းဖြစ်ရပါတယ်။ အခုလို ကူညီထောက်ပံ့မှု      မျိုးတွေ လုပ်တယ်ဆိုတာကလည်း ရခိုင်တိုင်းရင်းသားအချင်းချင်း သွေးကစီးဆင်းလာတဲ့ ခံစားမှုကြောင့်ပဲဖြစ်ပါ တယ်။ ဒါတွေက တိုင်းရင်းသား တွေ ဒုက္ခနဲ့ကြုံရရင် ကျွန်တော်တို့ ပါတီက အမြဲတမ်းလုပ်နေကျ ပါတီလုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါ တယ်”ဟု ပါတီ၏ကူညီထောက်ပံ့ မှုအခြေအနေများကို ဒေါက်တာစန်းရွှေက ပြောသည်။

နေချိုသွေး