ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု့(ဆင့်ပွား)သင်တန်းဖွင့်

 

ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၂၂.၃. ၂၀၁၈) နေ့ နံနက် (၀၉း၄၀) အချိန် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်ကျေးရွာ (၇၅) အုပ်စုမှ သင်တန်းသားသင်တန်းသူအင်အား (၁၀၀) ဦး တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအား နိုင်ငံတော်သီချင်းသီဆိ၍ ဖွင့်လစ်ခဲ့ပြီး တိင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပါသည်။

ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ – နိုင်ငံရေးစီမံခန့်ခွဲမှု ( ဆင့်ပွား ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

(၂၀.၃.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင်​ သာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်​ပွဲကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုးတက်​​ရောက်​အမှာစကား​ပြောကြားခဲ့ပါသည်​။


အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု(ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

(၂၀.၃.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ​အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်းပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​နှင့်​ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ ​အောင်​​မြေသာစံမြို့နယ်​ပါတီဥက္ကဌ ဦးကိုကို​လေးနှင့်​​ကော်​မတီဝင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ဦးမျိုးမြင့်​တို့မှ သင်​တန်းဖွင့်​အမှာစကား​များ​ပြောကြားခဲ့​ကြကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး


ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ကျင်းပ

 

(19.3.2018) ရက်နေ့ ငါန်းဇွန်မြို့ ပြည်ခိုင်ဖြိုးခန်းမတွင် ပြုလုပ်ကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းကို နံနက် (9:00) နာရီတွင်ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးပါတီကော်မတီ မြင်းခြံခရိုင်တာဝန်ခံနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ကြီး ဦးကျော်တင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များ ငါန်းဇွန်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့် သင်တန်းသား (၁၀၀) တို့တက် ရောက်ခဲ့ပြီး သင်တန်းအဖွင့်အမှာစကားကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွငိ့အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါတီဌာနချုပ်လေ့လာရေးနှင့် သြဝါဒခံယူခြင်း

 

အဆိုပါလေ့လာရေးခရီးစဉ်ကိုမန္တလေး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး | ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ညိမ်းတို့မှ ဦးဆောင်စီစဉ်ခဲ့ကြပြီး ၁၈.၃.၂၀၁၈ မှ ၁၉.၃.၂၀၁၈ရက်နေ့ထိ သွားရောက်လေ့လာခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ်မှ ပါတီဝင်အင်အား ၇၀ ဦးဖြင့် နေပြည်တော်ပါတီဌာနချုပ်အတွင်းလှည့်လည်လေ့လာခြင်းနှင့်တိုင်းပါတီနယ်မြေတာဝန်ခံ ဗဟိုပါတီကော်မတီဝင် ဦးဝဏ္ဏမောင်လွင်ထံမှ သြဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ပါသည်။


စဥ့်ကိုင်ပြည်ခိုင်ဖြိုးမိသားစု ဆွမ်းဆန်စိမ်းလှူဒါန်းမှု ကုသိုလ်တော်

 

(၁၆.၃.၂၀၁၈) ရက်​နေ့ ၊ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ နံနက် (၀၉း၀၀) အချိန် ပေါ်တော်မူမြတ်စွာဘုရား စု​ပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ရာ
တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ကော်မတီဝင်ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီအဖွဲ့ များမှ စုပေါင်း၍ ပင့်သံဃာတော်အပါး (၉၂) ပါးနှင့် သီလရှင်တို့အား ဆွမ်းဆန်များနှင့် ကော်ဖီမစ်များ စုပေါင်းလောင်းလှူခဲ့ပါသည်။

မြစ်သားပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား အအေးဘူးများ ဝေဌ

 

မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီများနှင့် ပါတီဝင်များက တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီက အအေးဘူးများ ဝေငှ လှူဒါန်းခဲ့ကြောင်း သိရသည်။


သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ ဖက်ရှည်ကျေးရွာ ရပ်/ကျေးဥက္ကဌနှင့် အမာခံများအား တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြင့်စိုး အပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များသည် သပိတ်ကျင်းမြို့နယ် ဖက်ရှည်ကျေးရွာတွင် ရပ်/ကျေးဥက္ကဌနှင့် အမာခံများအား ၇.၃.၂၀၁၈ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ဆုံပြီး လက်​ရှိနိုင်​ငံ​ရေး အ​ခြေ​​နေများနှင့်ေ​ရှ့ဆက်လက်​ဆေင်​​​ရွက်​မည့်​လုပ်​ငန်းစဉ်​များ ​ဆွေး​​နွေးခဲ့ကြ၍ ကွင်း ၂၉ ​ကျေးရွာတွင်​ ကွင်းဆင်း​ဆောင်​ရွက်​ခဲ့ကြသည်​ ။
ဆက်​လက်​ပြီး အတွင်း​ရေးမှူးနှင့်​အဖွဲ့သည်​ ဝက်​​သေ​ကျေးရွာတွင်​ ရပ်​/​ကျေး ​ကော်​မတီဝင်​များနှင့်​​လည်း ​တွေ့ဆုံခဲ့ကြသည်​ ။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မန္တလေးမြို့ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ပဓာနနာယကဆရာတော်ကြီး၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌပူဇာမင်္ဂလာအတွက် အလှူငွေများလှူဒါန်း

 

(၈.၃.၂၀၁၈) ရက်နေ့ (၁၅း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်းတို့သည် မန္တလေးမြို့၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တထုတိဝရအရှင်သူမြတ်အား သွားရောက်ဖူးမျှော်ကန်တော့ပြီး ဆရာတော်ကြီး၏အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌပူဇာမင်္ဂလာအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော အလှူငွေ (၁) သိန်းကျပ်လှူဒါန်းခဲ့ပါသည်။