ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံအမှာစကား​ပြောကြား

အောက်​တိုဘာ ၃ ၊ ကန်​ပက်လက်

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း ​ဌေးသည်​ အောက်တိုဘာ ၂ ရက်နေ့ ည​နေ၄နာရီက ကန်​ပက်​လက်​မြို့နယ်​ပါတီရုံးတွင်​ ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက် ​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​တို့မှ မိတ်​ဆက်​အမှာစကားများ အသီးသီး ​ပြောကြားခဲ့သည်​။

၂၀၁၈-ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ကန်ပက်လက် မြို့နယ်​မှပါဝင်​ယှဉ်​ပြိုင်​မည့်​ ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် အဓိကအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရကြား ချိတ်ဆက်ပြီးလုပ်နိုင်တဲ့ အတိုင်းအတာတွင်းကြိုးစားပြီးလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားနိုင်း ….

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာကို ပြည်ခိုင်ဖြိုးပါတီကိုယ်စား ဦးမနားနိုင်း(၆၂ နှစ်)က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ၊

ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံဦးဟုန်းငိုင်း၊ ပြည် နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ပြည်နယ်အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) ဦးကျုံးဘိခ့်အပါအဝင် ပါတီဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခုမှ ပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများအပါအဝင် ကိုယ်စားလှယ် ၅၇ ဦး တက်   ရောက်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ဖလမ်းမြို့နယ် တောင်ဇလပ်ရိပ်သာ၌ မတ်လ (၂၄) ရက် နံနက် ၇ နာရီက တွေ့ဆုံခဲ့သည်။

 

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ချင်းပြည်နယ် ထန်တလန်မြို့နယ် မြို့နယ်နှင့် ရပ်/ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ထန်တလန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မတ်လ (၂၃) ရက် မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့သည်။ မြို့နယ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများတင်ပြပြီး မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များက လိုအပ်ချက်များတင်ပြကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ချင်းပြည်နယ် ထန်တလန် မြို့သို့ရောက်ရှိခဲ့ပြီး ပြည်သူများနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ရစဉ်


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ချင်းပြည်နယ် မဲဆွယ်စည်းရုံးရေး စတင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ် စတင်ဖို့အတွက် မတ်လ ၂၁ ရက်နေ့က ကလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။

“ပါတီဥက္ကဋ္ဌလာတာ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမရှိပါဘူး။ အဓိက မဲဆွယ်စည်းရုံးရေး အတွက် ချင်းပြည်နယ်ကို လာတာ။ ချင်းပြည်နယ် ဟားခါး ဖလမ်း ထန်တလန်ဘက်ကို သွားမှာ”လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးခင်မောင်သန်းက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည် – ဦးဇိုပဲန်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – သိပ္ပံဘွဲ့(သင်္ချာ)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ချင်းပြည်နယ် ထန်တလန်မြို့နယ် အမှတ်(၃)မဲဆန္ဒနယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

 


ပြည်​သူ့ အတွက်​ ​စေလိုရာ ​စေဖို့ ဦးဇိုပဲန်းကို မဲ​ပေးစို့

၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်

*******

အမည် ….ဦးဇိုပဲန်း
အဖအမည်….တကက ဦးဆန်ငန်း
ပညာအရည်ချင်း….B.Sc(Maths)
မွေးနေ့….20.2.1959
ဘာသာ….ခရစ်ယာန်
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်….ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်အမှတ် (၃)
ကိုယ်စားပြုပါတီ….ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(more…)