AI ဉာဏ်ရည်တု နည်းပညာကဏ္ဍ ၆ လဆိုင်းငံဖို့ ပညာရှင်တွေ တောင်းဆို

Artificial Intelligence (AI) လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ လုံခြုံ ဘေးကင်းရေး ဆိုင်ရာ အစီအမံတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ၆ လ ကြာ လုပ်ငန်းတွေ ဆိုင်းငံထားဖို့ အဆင့်မြင့် နည်းပညာကဏ္ဍက နာမည်ကျော်ကြားသူတွေနဲ့ ပညာရှင်တွေက လက်မှတ်ထိုး စာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာမှာ ကြာသပတေးနေ့ အစောပိုင်းအထိ လူပေါင်း ၁,၄၀၀ လောက် လက်မှတ်ထိုးထားပြီး အဲဒီထဲမှာ နည်းပညာ သူဌေးကြီး အီလွန်မတ်စ်၊ Apple နည်းပညာ ကုမ္ပဏီ ကို ပူးတွဲတည်ထောင်သူ စတိဗ် ဝါဇနီယာခ် တို့လို ထင်ရှားသူတွေ ပါဝင်ပါတယ်။

1TB ပါတဲ့ Redmi ဖုန်း ကို ဒေါ်လာ ၄၀၀ အောက်နဲ့ ရောင်းမယ်

Redmi ရဲ့ အသစ်ထွက် Note 12 Turbo မှာ 6.67″ မျက်နှာပြင် , 2nd Gen Snapdragon 7+ chip ,

64(OIS)+8+2MP အနောက်ဘက် ကင်မရာ နဲ့ 16MPရှေ့ဘက်ကင်မရာ , 5000mAh ဘက်ထရီ , Android 13(MIUI 14) စနစ် ပါပါမယ်။ အရောင်ကတော့ သုံးမျိုး ရှိပါမယ်။

ဂြိုဟ်တုဆက်သွယ်ရေးပါတဲ့ Mate X3 ကို ဟွာဝေးကြေညာ

တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးဟာ ဂြိုဟ်တုဆက်သွယ်ရေးပါရှိတဲ့ Mate X3 ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ကွေးညွှတ်စမတ်ဖုန်းဖြစ်တဲ့ Mate X3 ကို Snapdragon 8+ Gen 1 နဲ့ အထိုင်ချထားပြီး Ram 12G ထည့်သွင်းထားကာ ကြိုးမဲ့အားသွင်းစနစ်လည်းပါဝင်ပြီး ဘက်ထရီကတော့ ၄၈၀၀ မီလီအမ်ပီယာကို အသုံးပြုထားပါတယ်။

Redmi က 300W Super-fast Charging နည်းပညာကို အမြောက်အများ ထုတ်လုပ်မည်

နာမည်ကြီး Tipster Digital Chat Station က Xiaomi ဟာ ၅ မိနစ်ထဲနဲ့ ဖုန်း ၁ လုံးကို အားအပြည့်သွင်းပေးနိုင်တဲ့ 300W Super-fast Charging နည်းပညာကို အမြောက်အများထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ ဒီနည်းပညာ ပါတဲ့ Redmi Note 12 Pro+ Modified Version ကို မကြာခင်က သရုပ်ပြခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ရထားလမ်းတွေမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ရှိနေ

ဆွစ်ဇာလန်နိုင်ငံမှာ ရထားသံလမ်းတွေကြား ဆိုလာပြားတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရထားလမ်းကွန်ရက်က မိုင် ၂၀၀၀ ကျော် ရှည်လျားပြီး ရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ဆိုလာပြားတွေ တပ်ဆင်လိုက်ရင် တစ်နာရီကို 1 terawatt (one trillion watt) ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ စွမ်းအင်အသုံးပြုမှု ၂ ရာခိုင်နှုန်းအထိ ကာမိမယ်လို့ ဆိုပါတယ်။

Tesla ရဲ့ Supercharger တွေထက် စွမ်းရည်ပိုမြင့်တဲ့ Huawei 600kW လျှပ်စစ်ကား Charger

Huawei ဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်လာပြီး ကားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းကာ စွမ်းရည်မြင့် လျှပ်စစ်ကားတွေကို တရုတ်မှာ ထုတ်လုပ်နေပါတယ်။ အခုတော့ Huawei ရဲ့ 600kW Charger Station ရဲ့ ဓါတ်ပုံ ပေါက်ကြားလာပြီး အားသွင်းစွမ်းရည်က Tesla အပါအဝင် ပြိုင်ဖက်တွေထက် များစွာ သာလွန်နေပါတယ်။

Samsung ကို ကျော်ပြီး ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ Apple

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၂ ခုနှစ် ကွာတား ၄ မှာ ကြီးမားစွာ ပြောင်းလဲခဲ့တယ်လို့ Counterpoint Research ရဲ့ မကြာခင်က စစ်တမ်းက ဖော်ပြနေပါတယ်။ အကြီးမားဆုံးပြောင်းလဲမှုက Apple ဟာ Samsung ကို ကျော်တက်ပြီး ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တာပါ။