Xiaomi က MIUI ကို အစားထိုးမယ့် MIOS ထုတ်လုပ်မည်

Xiaomi က ကိုယ်ပိုင် Operating System ဖြစ်တဲ့ MIOS ကို ဖန်တီးနေတဲ့သတင်းတွေ ထွက်နေပါတယ်။ မကြာခင်က တွစ်တာမှာ MIOS Logo ပါတဲ့ About Screen ရဲ့ Screenshot ထွက်ပေါ်လာခဲ့ပါတယ်။
MIOS သတင်းတွေ ထွက်နေတာ ဆယ်စုနှစ် ၁ ခုလောက် ရှိပါပြီ။ ၂၀၁၃ ခုနှစ်မှာ Xiaomi ဟာ ကိုယ်ပိုင် OS ဖန်တီးနေတဲ့ သတင်း စတင် ထွက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက MIOS ကို စွမ်းရည်မြင့် Mi 4 မှာ ထည့်သွင်းထားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ် မဖြစ်လာပါဘူး။ အဲဒီအစား Mi 4 မှာ MIUI ပဲ ပါလာခဲ့ပါတယ်။
ဒီနေ့ခေတ်မှာတော့ Xiaomi ဟာ စိတ်ပြောင်းသွားပြီ ဖြစ်ပြီး MIOS ကို ပြန်လည် ဖန်တီးနေပုံရပါတယ်။ အခုထွက်ပေါ်လာတဲ့ Screenshot အရ MIOS ဟာ Alpha အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။
MIOS ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို လက်ရှိမှာ မသိရသေးပါဘူး။ Xiaomi သာ MIOS ကို တကယ် ဖန်တီးနေတယ်ဆိုရင် Huawei ရဲ့ HarmonyOS လို Android ကနေ ခွဲထွက်တဲ့ ကိုယ်ပိုင် OS ဖြစ်လာနိုင်ပါတယ်။ MIOS ရဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေဟာ MIUI နဲ့ တူညီနိုင်ပါတယ်။ ဒါပေမယ့် Xiaomi ဟာ Android နဲ့ ကွဲပြားအောင် MIOS ကို ဘယ်လိုဖန်တီးထားမလဲဆိုတာ မသိရသေးပါဘူး။

Ref : gizchina