မိတ္ထီလာမြို့နယ်ရှိ လောကရန်နိုင်စေတီတော်အား ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး ဖူးမြော်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီ နီဝင်းတို့သည် မိတ္ထီလာ ပြည်ခိုင်ဖြိုးပါတီမှ အမှုဆောင်များ လိုက်ပါလျက် ယခုလ ၄ ရက် ညနေ ၅ နာရီက မိတ္ထီလာမြို့ မကျည်းပင်ပုရွာရှိ လောကရန်နိုင် စေတီတော်အား သွားရောက်ဖူးမြော်ခဲ့သည်။

ဗဟိုဦးဆောင်ကော်မတီဝင်နှင့်အဖွဲ့အား စေတီတော်ဂေါပကအဖွဲ့မှ ကြိုဆိုကာ လွန်ခဲ့သော ရက်များက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စေတီတော်ရင်ပြင် အက်ကွဲသွားမှု အခြေ အနေနှင့် ပြန်လည်ပြင်ဆင်ရန် စီစဉ်ထားမှုတို့ကို လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေး ဦးနှင့် ဒေါ်နီနီဝင်း မိသားစုက ဆောက်လုပ်ဆဲ ဓမ္မာရုံရှိ မျက်နှာကြက်နှင့် အခင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဗဟိုဦးဆောင်ကော်မတီဝင်သည် စေတီတော်ရင်ပြင်၌ လာရောက်နေကြသော ရွာသူ၊ ရွာသားများအား ရင်းနှီးခင်မင်စွာ နှုတ်ဆက်ခဲ့သည်။

Union daily


Leave a Reply