အေးချမ်းသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲဖိတ်ခေါ်

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲအား ”အေးချမ်းသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသွားပါမည်။ အဆိုပါပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားရိုးရာ အလှအပများ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရ မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စည်းကမ်း ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁ဝ လက်မx ၁၄လက်မ အရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ပုံအရေအတွက် အကန့်အသတ်မရှိ ပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။

(ခ)   မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။

(ဂ)   ဒစ်ဂျစ်တယ်နည်းပညာဖြင့်ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများ နှင့် ပြည်တွင်း၊ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများအား ယှဉ်ပြိုင်ခြင်း မပြုရပါ။

(ဃ)  ပြိုင်ပွဲဝင်ဓာတ်ပုံများသည်ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသောဓာတ်ပုံများ မဖြစ်ရပါ။

(င)   ကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝန်ခံချက်ပါရှိရမည်။

(စ)   ပြိုင်ပွဲကျင်းပသည့်ဌာနအနေဖြင့် ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယို မှတ်တမ်းများ၌ အသုံးပြုခြင်း ကို သဘောတူ ခွင့်ပြုရပါမည်။

ပြိုင်ပွဲတွင်ဆုရရှိသူများအား ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု သုံးသိန်း ငါးသောင်းကျပ်၊ တတိယဆု နှစ်သိန်း ကျပ်နှင့် အထူးဆုတစ်သိန်းကျပ်စီချီးမြှင့် သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၃ဝ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ဦးကျော်ဇင်စိုး ညွှန်ကြားရေးမှူး (ထုတ်လုပ်) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အမှတ်(၂၂၈) သိမ်ဖြူလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သတင်းရရှိသည်။

# Myawady daily


Leave a Reply