ဂျပန်သံရုံးနှင့် JICA တို့၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် သင်တန်းလျှောက်ထားနိုင်

စိုက်ပျိုးရေးဆိုင်ရာနယ်ပယ်ရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ပါဝင်၍ ဈေးကွက်နှင့် စီမံခန့်ခွဲမှု ဆောင်ရွက်နေသူ များ၏ Capacity Development ကို မြှင့်တင်ပေးရန်အတွက် ဂျပန်သံရုံးနှင့် JICA တို့၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် Training Program on Local Industry Development in Agricultural Regions by Strengthening Capacity of Management and Marketing(A) သင်တန်းကို စက်တင်ဘာလ (၅) ရက်မှ အောက်တိုဘာ (၈) ရက်အထိ သင်တန်းဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ အသက် (၂၇) နှစ်မှ (၅၀) နှစ်အတွင်းရှိ အင်္ဂလိပ် ဘာသာ စကားကျွမ်းကျင်၍ ကျန်းမာရေးအထူးကောင်းမွန်သူ၊ မန်နေဂျာ၊ အကြီးတန်းအဆင့်မြင့် ရာထူးဖြင့် Rural Development, SME Promotion in Agriculture ကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံ ၅ နှစ်နှင့်အထက်ရှိပြီး “One Village One Product” Promotion အတွေ့အကြုံရှိသူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းလျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်းနှင့်တကွ အဖွဲ့အစည်းထောက်ခံစာ၊ ပညာအရည် အချင်းမိတ္တူ၊ ဓာတ်ပုံ ၂ ပုံတို့ဖြင့် ပူးတွဲ၍ ကုန်သည် စက်မှုအသင်းချုပ် HRD ဌာန hrd.umfcci @gmail.com ဖုန်း-၂၃၁၄၃၄၄~၄၉၊ လိုင်းခွဲ ၁၃၃၊၁၃၄၊ ၂၃၁၇၄၈၀ သို့ ဆက်သွယ်၍ ဇွန်လ (၁၅) ရက် နောက်ဆုံးထား ပေးပို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။


Leave a Reply