ဒုံးကျည်ကာကွယ်ရေးစနစ်က ‘အငြင်းပွားမှုများ ပြင်းထန်လာ’ နိုင်ကြောင်း သမ္မတရှီကျင့်ဖျင်က တောင်ကိုရီးယားကို သတိပေး

Xi-warns-South-Korea-that-anti-missile-defense

(ဓာတ်ပုံ – အီးပီအေ)

တောင်ကိုရီယားရှိ အမေရိကန်ရဲ့ အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်ဖြန့်ကျက်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်ကိုရီးယားသမ္မတ ပက်ဂွန်းဟေးကို တနင်္လာနေ့က ပြောကြားခဲ့သလို တင်းမာမှုများ မြင့်တက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ တိုးလာတဲ့ စစ်ရေးလှုပ်ရှားတွေကို တန်ပြန် ဆန့်ကျင်ဖို့ အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ယင်း ဒုံးခွင်းဒုံးစနစ် ချထားမယ့် အစီအစဉ်ကို ဇူလိုင်လအတွင်းက နောက်ဆုံး ဆုံးဖြတ်ချက်ချထားတဲ့အပေါ် ရှီကျင့်ဖျင်နှင့် ပက်ဂွန်းဟေးတို့က ဂျီ ၂၀ ထိပ်သီး ဆွေးနွေးပွဲရဲ့ ပြင်ပမှာ သီးသန့် အစည်းအဝေးတစ်ခု ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ နူကလီးယားလက်နက်ဖယ်ရှားရေးအတွက် တရုတ်ရဲ့ ကတိကဝတ်ကို ရှီကျင့်ဖျင်က ထပ်လောင်း အတည်ပြုပြီး အငြင်းပွားမှုကို ဖြေရှင်းရန် လမ်းကြောင်းမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ၎င်းက တွေ့ဆုံ အစည်းအဝေးအတွင်း အခိုင်အမာ ပြောဆိုပါတယ်။

“ဒီပြဿာန ကိုင်တွယ်မှု အမှားက ဒေသအတွင်း မဟာဗျူဟာမြောက် တည်ငြိမ်ရေး အထောက်အကူ မဖြစ်စေဘဲ အငြင်းပွားမှုများသာ ပြင်းထန်လာနိုင်ကြောင်း”လို့  သမ္မတရှီကျင့်ဖျင်က ဆင်ဟွာကို ပြောပါတယ်။

ဒါပေမယ့်လည်း စက်တင်ဘာ ၅ ရက်နေ့က တရုတ်နိုင်ငံ ဟန်ကျိုးမြို့ရှိ ကမ္ဘာ့ခေါင်းဆောင်ကြီးများ တွေ့ဆုံပွဲမှာ တရုတ်နှင့် တောင်ကိုရီးယားတို့ ခေါင်းဆောင်များ သီးခြားတွေ့ဆုံမှုအပြီး နာရီအနည်းငယ် အကြာမှာ မြောက်ကိုရီးယား တို့ရဲ့ ဒုံးကျည်ပစ်လွှတ်မှု ပေါ်ထွက်လာပါတယ်။


Leave a Reply