အာဖဂန်နစ္စတန်မှာ ဘတ်စ်နဲ့ လောင်စာဆီတင် ထရပ်ကား တိုက်မိပြီး အနည်းဆုံး (၃၆) ဦး သေဆုံး

At-least-36-killed-in-bus-collision-with-fuel-truck-in-Afghanistan

(ဓာတ်ပုံ – အီးပီအေ)

တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံ ဇဘူလ်ပြည်နယ်မှာ ဘတ်စ်နဲ့ လောင်စာဆီတင် ထရပ်ကားတို့ တိုက်မိရာမှ အနည်းဆုံး လူ (၃၆) ဦးသေဆုံးပြီး (၂၆) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ခိုင်လုံတဲ့ တရားဝင်အရင်းအမြစ်ကနေ သိရပါတယ်။

စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီဝန်းကျင်က အာဖဂန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်နဲ့ ကဘူးလ်မြို့တော်ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမပေါ်မှာ မတော်တဆ ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူ ဂူလ်အစ္စလာမ်ဆာရောက ပြောပါတယ်။

ကားတိုက်မှုဖြစ်ပွားနောက် ခရီးသည်အများအပြားဟာ မီးလောင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ အများအပြားဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေခဲ့ပြီး မတော်တဆ ဖြစ်ပွားမှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း ဆိုပါတယ်။

“အပြင်းအထန် ဒဏ်ရာရသူတွေကို ကလူးလ်နဲ့ ကာလတ်ရှိ ဆေးရုံများသို့ လူနာတင်ကားတွေနဲ့ ပို့ဆောင်ဖို့ ပြုလုပ်နေကြောင်း” အဆိုပါ ပြောခွင့်ရသူက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တာလီဘန်တို့ တိုက်ပွဲများမှ ဗုံးပေါက်ကွဲမှုတို့ကြောင့် ပျက်စီးခဲ့တဲ့ လမ်းရဲ့ အခြေအနေက ဆိုးရွားနေသလို မဆင်မခြင် မောင်းနှင်မှုများကြောင့် လည်း ယခုလို မတော်တဆဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လများက အဆိုပါအဝေးပြေးလမ်းပေါ်မှာ မတော်တဆဖြစ်ပွားခဲ့ရာမှ အကြီးအကျယ် သေဆုံးမှုများရှိခဲ့ပြီး မေလက လောင်ဆီဆီတင်ကားနဲ့ ဘတ်စ်နှစ်စီး တိုက်မိပြီး မီးလောင်ကျွမ်းရာကနေ (၇၃) ဦး သေဆုံးခဲ့ပါတယ်။

Ref; EFE_EPA


Leave a Reply