ဂျော်ဂျီယာတွင် ပထမဦးဆုံးအမျိုးသမီးသမ္မတရွေးကောက်တင်မြှောက်

ဂျော်ဂျီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် Salome Zurabishvili သည် အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟု သိရသည်။ ပြင်သစ်နိုင်ငံဖွား သံသမန်ဟောင်း တစ်ဦဖြစ်သူ မစ္စ Zurabishvili သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ဖြစ်ပြီး သူမ၏ ပြိုင်ဘက်ဖြစ်သူ Grigol Vash-adze  သည် ထောက်ခံမဲ ရာခိုင်နှုန်း ၄၀ ရရှိခဲ့ခြင်းဖြစ်သည်။

သူမအား အာဏာရပါတီ ဂျော်ဂျီယာနိုင်ငံသားများ မျှော်မှန်းချက်ပါတီက ကျောထောက်နောက်ခံပြုခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ မစ္စတာ Vashadze သည် အတိုက်ခံပါတီဘက်မှ ကိုယ်စားလှယ်ေ လာင်းတစ်ဦးဖြစ်သည်။ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ဆောင်ရွက်နေလျက်ရှိပြီး အခြေခံဥပဒေအသစ်သည်လည်း အာဏာ သက်ဝင် လာတော့မည်ဖြစ်သည်။ Zurabishivili သည် ဂျော်ဂျီယာ၊ ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေး ချိန်ညှိမှုကို အလေးပေးသူတစ်ဦးဖြစ်သည်။

ဂျော်ဂျီယာနှင် ရုရှားတို့အကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ် အတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ Vashadze သည် အနောက်နိုင်ငံများအား ပိုမိုထောက်ခံသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း၌ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် မဲအရေးတိုက်နေသဖြင့် ထပ်မံမဲပေးမှုများ မရှိတော့ဘဲ သမ္မတကို တိုက်ရိုက် ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။ ယခုရွေးကောက်ပွဲ သည် လာမည့် ၂၀၂၀ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲများ မည်သို့ ဆောက်ရွက်မည်ဆိုသည်ကို ညွှန်ပြမှု တစ်ရပ်ပင် ဖြစ်သည်ဟု ရှုမြင်ကြကြောင်း သိရသည်။

အနောက်နိုင်ငံများကလည်း ဂျော်ဂျီယာတွင် ဥရောပသမဂ္ဂ(EU) နှင့် NATO အဖွဲ့ဝင်ဖြစ်လာရေးအတွက် မဲခွဲဆုံးဖြတ်ခြင်းကို စောင့်ကြည့်နေကြသည်ဟု သိရသည်။ အတိုက်အခံပါတီက ဆန္ဒဲပေးမှုသည် စည်းကမ်းနှင့် မညီညွှတ်မှုများရှိကြောင်းနှင့် ၄င်းမဲဆွယ်မှုများကို တိုက်ခိုက်မှုများရှိခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း အာဏာရပါတီက ငြင်းပယ်ခဲ့သည်ဟု သိရသည်။

-Ref: BBC News