ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအစည်းအဝေးသို့ ဗုဒ္ဓဘာသာ ခေါင်းဆောင်အဖြစ် သီတဂူဆရာတော်ဘုရားကြီးတက်ရောက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအစည်းအဝေးသို့ ဗုဒ္ဓ ဘာသာခေါင်းဆောင်အဖြစ် သီတဂူဆရာတော် ဘုရားကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

14232419_1266320953387415_4947761678583749524_n

မြန်မာနိုင်ငံသို့ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံလာသည့်အတွက် အဆိုပါဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးနှင့် ပတ်သက်သည့်အစည်းအဝေးတစ်ခုကို သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ကျင်းပ ခဲ့ကြကြောင်းသိရသည်။

ယင်းအစည်းအဝေးသို့ ဗုဒ္ဓဘာသာခေါင်းဆောင်များအဖြစ် သီတဂူဆရာတော်ကြီး ဒေါက်တာအရှင် ဥာဏိဿရ အပါအ၀င် ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ၊ မြ၀တီဆရာတော် ဦးအရိယာဘိဝံသ၊ မန္တလေးမစိုးရိမ် (တိုက်ဟောင်း) ဆရာတော် အရှင်ညနိန္ဒ၊ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓတက္ကသိုလ် PH.D ဘွဲ့သင်တန်းသား ဒေါ်ကေတု မာလာနှင့် သီတဂူကျောင်းမှ ဆရာတော်ဦးပညာသီဟ တို့တက်ရောက်ခဲ့ကာ ခရစ်ယာန်ဘာသာဝင် ခေါင်းဆောင် များအဖြစ် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီမှ ဥက္ကဋ္ဌ ဦးစောပက်ထရစ်လူနီ၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှအထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ မန်းပယ်လ်မာစတန်နှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

MTZ

#Democracytoday


Leave a Reply